Latest News

Thursday, December 29, 2016

ထရန့်နှင့် အိုဘားမားတို့၏ အငြင်းပွားမှုကို လူသိရှင်ကြား ရှင်းလင်း

ထရန့်နှင့် အိုဘားမားတို့၏ အငြင်းပွားမှုကို လူသိရှင်ကြား ရှင်းလင်း

ဒီဇင်ဘာ ၂၈ ရက်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရှိထားသော ဒေါ်နယ်ထရန့်က အိုဘားမားနှင့် တအုံနွေးနွေးဖြစ်နေသော အငြင်းပွားမှုကို ဖော်ထုတ်လိုက်ပြီး အာဏာလွှဲပြောင်းမှု ချောမွေ့စေရေးကို လှုံ့ဆော်သော မှတ်ချက်စကားများဖြင့် လမ်းလွဲစေသည်ဟု စွပ်စွဲလိုက်သည်။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲပြီးကတည်းက ထရန့်နှင့် အိုဘားမားတို့သည် ဇန်န၀ါရီ ၂၀ ရက်၌ အာဏာလွှဲပြောင်းရေးကို ချောမွေ့စေမည့် ပြည်သူလူထု စည်းလုံးညီညွတ်ရေးကို ရှေ့ရှုလျက် နိုင်ငံရေး ကွဲပြားခြားနားချက်များကို သင်ပုန်းချေရန် ကြိုးပမ်းခဲ့ကြသည်။

သို့သော် သမ္မတရာထူးရယူရန် စောင့်ဆိုင်းနေသည့် ရီပက်ဘလီကင်ပါတီမှ ဒေါ်နယ်ထရန့်သည် ဆိုင်းမဆင့် ဗုံမဆင့်ဖြင့် လှိုက်လှဲဖော်ရွေမှုများကို ဘေးဖယ်ကာ သူ၏ဖလော်ရီဒါရှိ မာအေလာဂို အိမ်တော်မှနေ၍ နံနက်ခင်း၌ Twitter မှနေ၍ တဖျစ်တောက်တောက် ပြောကြားခဲ့သည်။

“သမ္မတအိုရဲ့ ပြောကြားချက်တွေနဲ့ ပိတ်ဆို့တားဆီးမှုတွေကို ဂရုမစိုက်ရအောင် ကျွန်တော်အကောင်းဆုံး လုပ်နေပါတယ်” ဟုအသက် ၇၀ အရွယ်ရှိ ဒေါ်နယ်ထရန့်က ကြေညာချက်တစ်ရပ်တွင် မမျှော်လင့်ဘဲ အိုဘားမားအား အပြစ်တင်မှုပြုလုပ်ခဲ့သည်။

“ချောမွေ့တဲ့ အာဏာလွှဲပြောင်းမှုတစ်ရပ် ဖြစ်လာမလားဆိုတော့ မထင်ပါဘူး” ဟုလည်း ထရန့်က ရေးသားခဲ့သည်။

သို့သော် ထရန့်သည်နောက်ပိုင်းတွင် သူ၏ယခင် မှတ်ချက်စကားများ၏ ဗဟိုချက်မှ ဖယ်ခွာသွားပုံရပြီး “ဒီလုပ်ငန်းစဉ်ဟာ အလွန့်အလွန်ကို ချောမွေ့ပါလိမ့်မယ်” ဟုရေးသားဖော်ပြခဲ့ပြန်သည်။

ထရန့်သည် အိုဘားမားနှင့် ဖုန်းမှတစ်ဆင့် စကားပြောခဲ့ပြီးနောက် “သိပ်ကိုကောင်းတဲ့ အပြန်အလှန် စကားပြောခန်းပါ” ဟုပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ နယ်မြေများစွာမှာ သဘောထား တူညီကြတယ်လို့ ကျွန်တော် တကယ်ထင်ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ လက်ထောက်တွေဟာ ကောင်းကောင်းကြီး အတူလက်တွဲခဲ့ပြီး ကျွန်တော်တုံ့ပြန်ခဲ့တဲ့ ပြောကြားချက် နှစ်ရပ်ထက်စာရင် ကျွန်တော်သူနဲ့ ကောင်းကောင်း အလုပ်ဖြစ်ပါတယ်” ဟုလည်း ထရန့်ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ အဲဒီအကြောင်းကို ပြောကြပြီး အဲဒါနဲ့ပတ်သက်ပြီး ပြုံးမိကြတယ်။ ဘယ်သူမှတော့ သိမှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ဆန့်ကျင်ကြမှာ မဟုတ်ပါဘူး” ဟုလည်း ထရန့်ကဆိုသည်။

အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ အဲရစ်ရှော့ဇ်က အိုဘားမားနှင့်ထရန့်တို့ ဖုန်းပြောကြားမှုအား အပြုသဘောဆောင်ပြီး ချောမွေ့ကာ ထိရောက်သည့် အာဏာလွှဲပြောင်းရေး ဆက်လက်လုပ်ဆောင်ရန် အထူးပြုသည်ဟု ပြောကြားခဲ့သည်။ အဲရစ်ရှော့ဇ်က အိုဘားမားနှင့် ထရန့်တို့သည် လာမည့်သီတင်းပတ်များ တစ်လျှောက် အဆက်အသွယ် မပြတ်ရန်လည်း စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရက်ပါတီမှ ဟီလာရီကလင်တန် အံ့သြဖွယ် ရှုံးနိမ့်ခဲ့သည်ဟု ရှုမြင်ကြသော ခါးသီးမှုများ ပြည့်နေသည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အိုဘားမားက ပိုမိုပွင့်လင်းစွာ ပြောကြားလာပြီးနောက် ထရန့်နှင့်လက်ရှိ အစိုးရအဖွဲ့တို့အကြား သီတင်းပတ် အတန်ကြာအောင် တင်းမာမှုများ ကြီးထွားလာခဲ့သည်။

Sources; SearchMyanmar

No comments:

Post a Comment