Latest News

Thursday, December 29, 2016

၂၀၁၆ ခုနှစ်အတွက် လေးစားအားကျစရာ အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် အိုဘားမား သတ်မှတ်ခံရ

၂၀၁၆ ခုနှစ်အတွက် လေးစားအားကျစရာ အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် အိုဘားမား သတ်မှတ်ခံရ

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားဟာ ၂၀၁၆ ခုနှစ်အတွက် လေးစားအားကျစရာ အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

အိုဘားမားဟာ Gallup ဆန္ဒမဲ ကောက်ခံမှုအရ ယခုနှစ်အတွက် လေးစားအားကျစရာ အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အိုဘားမားဟာဆိုရင် Gallup ဆန္ဒမဲ ကောက်ခံမှုအရ လေးစားအားကျစရာ အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရတာ ယခုနှစ်နဲ့ဆိုရင် ၉ နှစ် ဆက်တိုက် ရှိသွားပါပြီ။

အမျိုးသမီးတွေထဲမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဟီလာရီကလင်တန်က လေးစားအားကျစရာ အကောင်းဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဟီလာရီ ကလင်တန်ဟာလည်း လေးစားအားကျစရာ အကောင်းဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံရတာ ၁၅ နှစ် ဆက်တိုက် ရှိသွားပြီဖြစ်ပြီး ဒီနှစ်နဲ့ဆိုရင် စုစုပေါင်း ၂၁ ကြိမ်အထိတောင် သတ်မှတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။

Gallup ဆန္ဒမဲ ကောက်ခံမှုမှာ လေးစားအားကျစရာ အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ သမ္မတနဲ့ သမ္မတကတော်တွေ ဖြစ်လေ့ရှိပြီး ဒီနှစ်မှာတော့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်လ်ထရမ့်ကို ကျော်ပြီး မကြာမီ သမ္မတရာထူး သက်တမ်းပြည့်လို့ ရာထူး လွှဲပြောင်းပေးရတော့မယ့် အိုဘားမားက ဒေါ်နယ်လ်ထရမ့်ကိုကျော်ကာ ဒီဘွဲ့ကို ၉ နှစ်မြောက် သိမ်းပိုက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Gallup ဟာ အမေရိကန် အခြေစိုက် အကြံပေးကုမ္ပဏီ တစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အများပြည်သူ သဘောထားဆန္ဒ ကောက်ခံတဲ့ စစ်တမ်းတွေ ကောက်ယူလေ့ရှိတဲ့ လုပ်ငန်းအဖြစ် ထင်ရှားပါတယ်။

Sources; Time : The Voice

No comments:

Post a Comment