Latest News

Sunday, December 25, 2016

အမ်ပီတီ ဆင်းမ်ကတ်တွေကို စာတိုက်တွေမှာလည်း မှတ်ပုံတင်လို့ရပြီ


အမ်ပီတီ ဆင်းမ်ကတ်တွေကို စာတိုက်တွေမှာလည်း မှတ်ပုံတင်လို့ရပြီ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စာတိုက်ရုံးတွေမှာ မှတ်ပုံတင်ရမှာပါ။
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်တွင်းက  မြို့နယ်အနှံ့အပြားမှာ ဖွင့်လှစ်ထားတဲ့ စာတိုက်ပေါင်း ၈၀၀ မှာ ဆင်းမ်ကတ်မှတ်ပုံတင်တာတွေကို လက်ခံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စာတိုက်ရုံးတွေမှာ ဆင်းမ်ကတ်မှတ်ပုံတင်တဲ့ ဝန်ဆောင်မှုကို စတင်ပြီး ဇန်နဝါရီလထဲမှာ အွန်လိုင်းကနေတစ်ဆင့် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်တဲ့  မိုဘိုင်းအက်ပလီကေးရှင်းကို ဆက်လက်မိတ်ဆက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ နေ့ရက်က တဖြည်းဖြည်းနီးကပ်လာပြီးနောက်ပိုင်း ဆက်သွယ်ရေး အော်ပရေတာတွေက ဆင်းမ်ကတ်မှတ်ပုံတင်တာတွေကို နည်းမျိုးစုံနဲ့ ဆောင်ရွက်နိုင်ဖို့ ကမ်းလှမ်းလာကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မိုဘိုင်းဆင်းမ်ကတ်အသုံးပြုသူ ၂၁ သန်းရှိနေပေမယ့် မှတ်ပုံတင်ထားတဲ့သူ ၁၃ သန်းပဲရှိသေးတာဖြစ်လို့ မိုဘိုင်းဆင်းမ်ကတ်တွေကို မတ်လကုန်မှာ မှတ်ပုံတင်ထားခြင်းမရှိရင် ယာယီပိတ်သိမ်းတာတွေ ပြုလုပ်သွားမှာဖြစ်လို့ အသုံးပြုသူ လျော့ကျမသွားစေဖို့ အော်ပရေတာတွေက ဝန်ဆောင်မှုကို နည်းမျိုးစုံဖြင့် ပေး အပ်နေတာဖြစ်ပါတယ်။

Source & Photo : 7DayDaily

No comments:

Post a Comment