Latest News

Monday, December 19, 2016

ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ ဦးလှဆွေကို တရားစွဲဖို့ မင်းရွာသူရွာသားတွေ တိုင်ကြား

ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ ဦးလှဆွေကို တရားစွဲဖို့ မင်းရွာသူရွာသားတွေ တိုင်ကြား

ဦးလှဆွေကို တရားစွဲဖို့ မင်းရွာက ရွာသူ၊ ရွာသားတွေက ဂန့်ဂေါမြို့ရဲစခန်းကို တိုင်တန်းလိုက်ပါတယ်။

အဲဒီလို မတိုင်တန်းခင်မှာ ဦးလှဆွေက တရားလိုလုပ်ပြီး မင်းရွာသူတစ်ဦးဖြစ်တဲ့ မဇင်မာကြည်ကို လူမှုကွန်ရက်ပေါ်မှာ သူ့အပေါ်ဝေဖန်ရေးသားထားတာတွေနဲ့ ပတ်သက်ပြီး ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခဲ့တာပါ။

ဦးလှဆွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ “တို့ ယောနယ်က စုန်းတွေ အလုပ်သွားလျှောက်ရင်ရပြီ အထက်မှာ မင်း(မင်းရွာ)၊ အလယ်မှာ ဘင်း(ထယ်လှော်ရွာ) အောက်မှာ အင်း(အင်းဒင်ရွာ)တွေမှာ စုန်းအတတ် တစ်ဖက်ကမ်းခတ်သူတွေရှိသတဲ့”လို့ ရေးသားခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မင်းရွာနေ လူငယ်တစ်ဦးဖြစ်တဲ့ မဇင်မာကြည်က မင်းရွာကို သိက္ခာချတယ်ဆိုပြီး ဦးလှဆွေကို ဝေဖန်တဲ့စာသားတွေ ပြန်ရေးသားခဲ့ပြီးနောက်မှာ ၆၆(ဃ)နဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက် ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ မင်းရွာကို ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ပြောဆိုရေးသားမှုနဲ့ ဦးလှဆွေကို ဥပဒေအရ အရေးယူပေးဖို့ မင်းရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်မြတ်က မင်းရွာသူရွာသားတွေကိုယ်စား တိုင်ကြားစာ ပေးပို့ခဲ့တာပဲ ဖြစ်ပါတယ်။


Sources ;  MCN TV (NEWS CHANNEL)

No comments:

Post a Comment