Latest News

Monday, December 12, 2016

ရှစ်မိုင်ခုံးတံတားပေါ်တွင် ပြန်ကွေ့ခဲ့သည့် အဓိပတိ ယာဉ်မောင်းကို အလုပ်ထုတ်

ရှစ်မိုင်ခုံးတံတားပေါ်တွင် ပြန်ကွေ့ခဲ့သည့် အဓိပတိ ယာဉ်မောင်းကို အလုပ်ထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရန်ကုန်မြို့ ရှစ်မိုင်ခုံးတံတားပေါ်အရောက် ခရီးစဉ်လမ်းကြောင်းမှားရာမှ ယာဉ်ပြန်ကွေ့ခဲ့သည့် အဓိပတိ (အဝါ) ခရီးသည်တင် ယာဉ်မောင်းကို ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) နံနက်ပိုင်းက အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၁၁ ရက် ည ၉ နာရီက အဆိုပါ အဓိပတိ(အဝါ) ခရီးသည်တင်ယာဉ်မှာ လှည်းတန်းမှ ရှစ်မိုင်ဘက်သို့ ပြည်လမ်းအတိုင်း ၉၇ ခရီးသည်တင်ယာဉ် တစ်စီးနှင့် အပြိုင် မောင်းနှင်ရာမှ ခရီးစဉ် လမ်းကြောင်းမှားပြီး ရှစ်မိုင် ခုံးတံတားပေါ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“အဓိပတိ အဝါ သွားရမယ့် လမ်းကြောင်းက ရှစ်မိုင် ခုံးတံတားအောက်ကနေ ကမ္ဘာအေး ဘုရားလမ်းဘက် မောင်းရမှာ။ ၉၇ လိုင်းကားနဲ့ အပြိုင် မောင်းရင်း ခုံးတံတားပေါ် ရောက်သွားမှ လမ်းကြောင်းမှားမှန်း သတိရပြီး တံတားအလယ်ရောက်မှ ပြန်ကွေ့ခဲ့တာ။ ယာဉ်မောင်းကို ခေါ်စစ်ဆေးပြီး အလုပ် ထုတ်လိုက်ပြီ”ဟု အဓိပတိယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အလုပ် ထုတ်ပယ်ခဲ့သည့် ယာဉ်မောင်း ဦးအောင်မျိုးဦးမှာ သန်လျင်တွင် နေထိုင်သူဖြစ်ပြီး အဓိပတိ (အဝါ) ယာဉ်လိုင်းတွင် ဝင်ရောက် မောင်းနှင်သည်မှာ လပိုင်းခန့်သာ ရှိသေးကြောင်း သိရသည်။

အဓိပတိ (အဝါ) ယာဉ်နှင့် ပြိုင်မောင်းခဲ့သော ၉၇ ခရီးသည်တင်ယာဉ်မှာ ခရီးစဉ်လမ်းကြောင်း သတ်မှတ်ထားသည့် အင်းစိန်လမ်းအတိုင်း မပြေးဆွဲဘဲ ပြည်လမ်းမှ မောင်းနှင်ခဲ့သောကြောင့် ယာဉ်မောင်းဖြစ်သူကို ဖော်ထုတ် အရေးယူရန် ယာဉ်ထိန်းရဲတပ်ဖွဲ့က စုံစမ်းနေသည်။

Sources : The Voice

No comments:

Post a Comment