လုယူသွားသည့် လက်နက်များပြန်ရမှ ရခိုင်ပြည်နယ်စစ်ဆင်ရေး ရုပ်သိမ်းမည်
ဒီဇင်ဘာ ၁၂ ရက်နေ့ ၊ ၂၀၁၆ ခုနှစ်။
မောင်တောရဲစခန်းသုံးခုကို အကြမ်းဖက်တိုက်ခိုက် လုယူသွားတဲ့ လက်နက်တွေ ပြန်ရအောင် ပူးပေါင်းဆောင်ရွက်ပေးမှသာ ရခိုင်ပြည်နယ်မှာ စစ်ဆေးရေး ဒေသအဖြစ် သတ်မှတ်ထားတာကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ အောက်တိုဘာ ၉ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့မှုအပါအဝင် လက်နက်မျိုးစုံ ၅၁ လက်နဲ့ ကျည်ဆန် ၁၀၁၄၀ တို့ ဆုံးရှုံးခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ မောတောတောင်ပိုင်းနဲ့ မြောက်ပိုင်းက ကျီးကန်ပြင်၊ ဝါးဘိတ်၊ မောင်နှမ၊ ဖားဝပ်ချေားင်း၊ အောင်မင်္ဂလာ၊ ငန်းချောင်း၊ ကြက်ရိုးပြင်၊ ငစားကြူး၊ ငခူးရ စတဲ့ ကျေးရွာတွေမှာ အခုအချိန်ထိ စစ်ဆင်ရေးတွေ ဆင်နွှဲနေတာပါ။
အကြမ်းဖက်သမားတွေ လုယုသွားတဲ့လက်နက်တွေကို ပြန်ရအောင်လုပ်ပေးမယ်ဆိုပါက အဲ့ဒီနေရာတွေကို စစ်ဆင်ရေးအဖြစ် သက်မှတ်ထားရာကနေ ပြန်လည်ရုပ်သိမ်းပေးမယ်လို့ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှူး အဖွဲ့မှူးရုံး သူရစန်းလွင်က ပြောပါတယ်။
“ကျနော်တို့နဲ့ ပူပေါင်းဆောင်ရွက်ပါ။ ကျနော် အကုန်ဆောင်ရွက်ပေးမယ်။ လက်နက်ကိုင်တဲ့ အဖွဲ့တွေကို လက်မခံနဲ့၊ ပါသွားတဲ့လက်နက်တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ခင်ဗျားတို့ ကျနော်တို့ လက်ထဲကိုသာ ရောက်အောင်သာ ပြန်လုပ်ပေး၊ ဒီနေရာမှာ ကျနော်တို့ စစ်ဆင်းရေးဒေသတွေကို ကျနော်တို့ ပြန်လည်ရုပ်သိမ်းပေးသွားမှာပဲ၊”
ဒီဇင်ဘာ ၁၀ ရက်နေ့က မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် အပါအဝင် ဒေသခံတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ဘဂါင်္လီတွေနဲ့တွေ့ဆုံရာမှာ ရဲမှူး သူရစန်းလွင်က အခုလိုပြောဆိုခဲ့တာပါ။
စိုးရိမ်မှုမြင့်တက်နေတဲ့ ကျေးရွာတွေကို မှဲ့တပေါက်မစွန်းအောင် အစွမ်းကုန်ကာကွယ်သွားမှာဖြစ်ပြီး၊ ဒေသတည်ငြိမ်လာအောင် ပူးပေါင်းဆောင်ရွက်သွားကြဖို့အပြင် အကြမ်းဖက်သမားတွေကို အကာအကွယ်ပေးသူ၊ အားပေးသူတွေကိုလည်း ထိထိရောက်ရောက်အရေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိ ဒုသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင် အဖွဲ့ဟာလည်း မနေ့ကတည်းက စစ်တွေမြို့ကို ရောက်ရှိနေပြီး မောင်တောဒေသမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေကိုလည်း မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
လက်ရှိအချိန်ထိတော့ ဘူးသီးတောင်၊ မောင်တောဒေသမှာ ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို ည ၇ နာရီမှ မနက် ၆ နာရီ ထိ ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တော့ဒေသ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်နိုင်တဲ့ မသင်္ကာသူတွေကို ဖော်ထုတ် ဖမ်းဆီးပြီး ဥပဒေနဲ့အညီ စစ်ဆေးရာမှာ ဒီဇင်ဘာ ၉ ရက်အထိ မသင်္ကာသူ ၅၇၅ ဦး ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Sources ; DVB သတင်း၊ ဓာတ်ပုံ – ဝဏ္ဏခွာညို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment