Latest News

Thursday, December 15, 2016

မြန်မာနိုင်ငံကို ခြိမ်းခြောက်လာတဲ့ စစ်သွေးကြွ လှုပ်ရှားမှု အသစ်များ

မြန်မာနိုင်ငံကို ခြိမ်းခြောက်လာတဲ့ စစ်သွေးကြွ လှုပ်ရှားမှု အသစ်များ

အောက်တိုဘာနဲ့ နိုဝင်ဘာ လတွေအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို သွေးချောင်းစီးသတ်ဖြတ် တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်။ ဒီအခြေအနေတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း လုံးဝဥဿုံကွဲပြားခြားနားတဲ့ အကြမ်းဖက်မှုပုံစံတစ်ခု ဆီ ဦးတည်လာစေပါတယ်။

နိုင်ငံတကာပဋိပက္ခအဖွဲ့က အောက်တိုဘာနဲ့ နိုဝင်ဘာလတွေ အတွင်း အစိုးရတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ဝင် တချို့ကို အင်တာဗျူးခဲ့ တယ်။

ဒါ့အပြင် အဲဒီအခြေအနေနဲ့ ဆက်စပ်တဲ့ တခြားရင်းမြစ်တွေ ကိုလည်း ချိတ်ဆက်ခဲ့တယ်။ အ ကျိုးဆက်အနေနဲ့ကတော့ မြန်မာ နိုင်ငံ အနောက်ဖျားဒေသရဲ့ အ ခြေအနေတွေနဲ့ ပတ်သက်ပြီး အ ရေးကြီးတဲ့ အသေးစိတ် အချက် အလက်တွေ ထွက်ပေါ်လာခဲ့ပါ တယ်။

အဲဒီ အကြမ်းဖက်အုပ်စုက သူတို့ကိုယ်သူတို့ ဟာရာကန် အယ်လ်ယာကင်လို့ နာမည်ပေး ထားတယ်။ ဒါဟာ အာရပ်ဝေါ ဟာရပါ။ ယုံကြည်သက်ဝင် လှုပ် ရှားမှုလို့ အဓိပ္ပာယ်ရတယ်။ ၂၀၁၂ က ရခိုင်မှာ ပဋိပက္ခအခြေအနေ တွေ ပေါ်ပေါက်ခဲ့ပြီး ဗုဒ္ဓဘာသာ ဝင် ရခိုင်တိုင်းရင်းသားတွေရော ဘင်္ဂါလီမွတ်စလင်တွေပါ သေ ကျေခဲ့ကြတဲ့ ဖြစ်ရပ်နောက်ပိုင်း အဲဒီအဖွဲ့အစည်းကို စတင်တည် ထောင်ခဲ့တယ်။

၂၀၁၂ ဖြစ်ရပ်တွေအတွင်း မှာ လူ ၂၀၀ လောက် သေဆုံးပြီး ဘင်္ဂါလီအများစု အပါအဝင် လူ ပေါင်း ၁၂၀,၀၀၀ ကျော် နေရပ် စွန့်ခွာ ရွှေ့ပြောင်းခဲ့ရတယ်။ ဘင်္ဂါ လီတွေက နိုင်ငံသားအခွင့်အရေး တွေရရှိဖို့ တောင်းဆိုနေကြဆဲ ပါ။

 အခုအသစ်ပေါ်ပေါက်လာ တဲ့ လက်နက်ကိုင်အုပ်စုကို မက္ကာ မြို့မှာ အခြေစိုက်တဲ့ ဘင်္ဂါလီ ပြည်ပြေး ကော်မတီတစ်ရပ်က ကွပ်ကဲနေတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း လှုပ်ရှားမှုတွေအ တွက် အဓိကလူလုံးထွက်ပြသူက တော့ အေတာအူလားပါ။ သူ့မှာ တခြားနာမည်ကွဲတော်တော်များများလည်း ရှိနေတယ်။ အူလားဟာ အဲဒီအုပ်စုက ထုတ်ပြန်တဲ့ ဗီဒီ ယို အတော်များများမှာ အဓိက ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လို တာ ဝန်ယူထားတယ်။ အူလားကို ကရာချိမြို့မှာ မွေးဖွားပါတယ်။ သူ့အဖေက ဘင်္ဂါလီတစ်ယောက် ပါ။ အူလားဟာ မက္ကာမှာ နေထိုင်

ကြီးပြင်းခဲ့တယ်။ ရခိုင်မြောက် ပိုင်းမှာ ခေတ်မီပြောက်ကျား စစ် ဆင်ရေးအတတ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ အတွေ့အကြုံရှိသူ ဘင်္ဂါလီ  ၂၀ လောက်ရှိနေပြီး အူ လားက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ ပြီးတော့ ရခိုင်ပြည် နယ် မြောက်ပိုင်းက ဘင်္ဂါလီတွေ ရဲ့ စစ်ဆင်ရေး လှုပ်ရှားမှုတွေကို အဓိကဦးစီးနေတယ်။

အဲဒီ ဘင်္ဂါလီ ပြောက်ကျား တွေနဲ့အတူ အရာရောက်တဲ့ အစ္စ လာမ်မစ် တရားဟောဆရာတစ် ယောက်လည်း ရှိနေတယ်။ ဇိုင်ဘူ အာရာမန်းဟာ ဆော်ဒီအာရေး ဗီး ယားမှာ ပညာသင်ယူခဲ့ပြီး ဆော်ဒီ က ဘာသာရေးခေါင်းဆောင်တွေ ကလည်း သူ့ကို ဖာတဝါ သတ် မှတ်ပေးထားတယ်။ ဖာတဝါဆို တာ အစ္စလာမ်ဥပဒေရေးရာ အကြံပေးတာကို ဆိုလိုတာပါ။ အယ်လ်ယာကင် စစ်သွေးကြွအုပ်စုဟာ သူတို့ရဲ့ ဘာသာရေးခံယူချက်တွေ ခိုင်မာအားကောင်းကြောင်း ထင်ရှားစေလိုတာ ကြောင့် ဆော်ဒီ၊ ယူအေအီး၊ ပါကစ္စတန်တို့ အပါအဝင် နိုင်ငံတချို့ရဲ့ ဘာသာရေးခေါင်းဆောင် တွေဆီကနေ ဖာတဝါတွေ ရယူခဲ့ကြတယ်။

အကျိုးဆက်အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘင်္ဂါလီတွေရဲ့ ထင်ထင်ရှားရှား ထောက် ခံမှုမျိုးကို အယ်လ်ယာကင်တွေ ရရှိခဲ့ကြတယ်။

 အယ်လ်ယာကင်အဖွဲ့ဟာ အနည်းဆုံး ၂ နှစ်လောက် အချိန် ယူပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း က အရေအတွက်ရာနဲ့ချီတဲ့ ဘင်္ဂါလီတွေကို ပြောက်ကျားစစ် နည်းဗျူဟာတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေအကြောင်း သင်ကြားပို့ချခဲ့ကြတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ ဘင်္ဂါလီအနွယ် ရာပေါင်း အတော်များများကလည်း မကြာ သေးခင်သီတင်းပတ်တွေ အတော အတွင်းမှာ ရခိုင်ဘက် ကူးလာ ပြီး သူတို့နဲ့ ပူးပေါင်းခဲ့ပြန်တယ်။ မြန်မာ့တပ်မတော်က လက်ရှိအ ချိန်မှာ ပြင်းထန်တဲ့ စစ်ဆင်ရေး တွေ ဆင်နွှဲနေတဲ့တိုင် အယ်လ် ယာကင်တွေကို အမြစ်ဖြုတ်ဖို့ ဖြစ်နိုင်ခြေ နည်းပါးလွန်းပါတယ်။ ဘင်္ဂါလီမျိုးနွယ်စုတွေ ကြားမှာ တော့ မျှော်လင့်ချက်ပျက်သုဉ်းမှု တွေ၊ မုန်းတီးမှုတွေ ပိုတိုးပွားလာ ပြီး ဒီအခြေအနေတွေက နောက် ဆက်တွဲ ပဋိပက္ခတွေဆီကို ဦး တည်လာနိုင်ပါတယ်။

ငွေကြေးအရ ကျောထောက် နောက်ခံ ပံ့ပိုးမှုအားကောင်းပြီး စုစည်းမှု အတော်ကြီး စနစ်ကျ တဲ့ အယ်လ်ယာကင်လို ပြောက် ကျားအုပ်စုတစ်ခု ပေါ်ပေါက် လာခြင်းဟာ ရခိုင်အရေး ရှုပ်ထွေး နေတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ မြန်မာ အစိုးရအတွက် ကစားပွဲချိန်ခွင် လျှာ အပြောင်းအလဲတွေ ကြုံသွား စေနိုင်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ် တွေ အတောအတွင်း ဘင်္ဂလား ဒေ့ရှ်ဘက်မှာ အခြေစိုက်ပြီး မြန် မာဘက်မှာ လာလှုပ်ရှားနေတဲ့ စစ်သွေးကြွ ပြောက်ကျားအုပ်စု ငယ်လေးတွေ ရှိခဲ့ဖူးပေမယ့် အခု အနေအထားက ကွဲပြားပါတယ်။

 ဘင်္ဂါလီ မျိုးနွယ်တွေဟာ သာမန်အားဖြင့် အစွန်းရောက် ဝါဒမျိုးကို စွဲကိုင်ထားတတ်တဲ့သူ တွေ မဟုတ်ဘူး။ အများစုက အ ကြမ်းဖက်မှုတွေကို ရှောင်ရှားလို တဲ့ သဘောရှိကြတယ်။ အကြမ်း ဖက်ဝါဒဟာ သူတို့ လိုလားတဲ့ အခြေအနေတွေ တိုးတက်ဖြစ် ထွန်းမှုကို ပျက်ပြယ်စေမယ်လို့ ယုံကြည်လေ့ရှိတယ်။ ဒါပေမဲ့ နေ ထိုင်ရှင်သန်မှုအတွက် မျှော်လင့် ချက် နည်းပါးလာတဲ့ အခြေအ နေမှာ မှားယွင်းတဲ့ ထွက်ပေါက် ရှာမှုမျိုးဆီ ဦးတည်နိုင်ခြေ ပိုများ လာတယ်။ ဒါဟာ အယ်လ်ယာ ကင်တွေ အကြိုက်တွေ့မယ့် အ ခြေအနေလို့ ဆိုနိုင်ပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေထိုင်သူတွေအ နေနဲ့ ကြမ်းတမ်းခက်ထန်တဲ့ အ ခြေအနေတွေနဲ့ ယဉ်ပါးသလို ဖြစ် လာနေပါပြီ။

ဒါဟာ သေချာပေါက် မလွှဲမရှောင်သာ ပေါ်ပေါက်လာရတဲ့ ပဋိပက္ခမျိုးလို့ဆိုဖို့ထက် နှစ် ပေါင်းများစွာ မှားယွင်းလွဲချော် ခဲ့တဲ့ မူဝါဒ အားနည်းချက်တွေ ကြောင့်ဆိုတာ ထင်ဟပ်ပေါ်လွင် နေစေပါတယ်။

 အယ်လ်ယာကင်အဖွဲ့က သူတို့ ရပ်တည်မှုကို ကာကွယ် ပြောဆိုနိုင်မယ့် အရေးကြီးတဲ့ အချက်တစ်ခုလည်းရှိတယ်။ နိုင်ငံတကာက ဂျီဟတ်ဝါဒီ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တာတွေ၊ ပူးပေါင်းလေ့ကျင့်တာတွေ ရှိခဲ့တဲ့တိုင် သူတို့ဟာ လုံခြုံရေး တပ်ဖွဲ့တွေကိုသာ ပြောက်ကျားစနစ်နဲ့ တိုက်နေတာ လို့ ပြောပါလိမ့်မယ်။ အယ်လ်ယာ ကင်ရဲ့ ရည်မှန်းချက်ဟာ အစွန်း ရောက် ဂျီဟတ်ဝါဒ၊ ဒါမှမဟုတ် အကြမ်းဖက်ဝါဒကို ဖော်ဆောင်ဖို့ မဟုတ်ဘူး ဆိုတာမျိုး ထောက်ပြလိမ့်မယ်။ အဲဒီလိုဖြစ်အောင် လည်း သူတို့ဟာ အရပ်သားတွေ နဲ့ ဘာသာရေး ပစ်မှတ်တွေကို တိုက်ခိုက်တာမျိုးမလုပ်ဘဲ ရည် ရွယ်ချက်ရှိရှိ ရှောင်တိမ်းခဲ့တယ်။

အဓိပ္ပာယ်ကတော့ အယ်လ် ယာကင်တွေ လုပ်နေသမျှဟာ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသား အခွင့်အရေး ရရှိစေဖို့အတွက် သာဖြစ်ကြောင်း ပေါ်လွင်စေချင် တဲ့ သဘောပါ။ ဒါပေမဲ့ သူတို့ရဲ့ အကြမ်းဖက်နည်းလမ်းနဲ့ ချဉ်းကပ် မှုအတွက် ပေးဆပ်မှုက ကြီးမား သွားတယ်။ အောက်တိုဘာ ၉ ရက် မိုးမသောက်ခင်မှာ ဘင်္ဂါလီ စစ်သွေးကြွတွေက နယ်ခြား စောင့် ရဲစခန်းသုံးခုကို ဝင်တိုက် တယ်။ ရဲဌာနချုပ်ကိုပါ စီးနင်းခဲ့ တယ်။ ဒီတိုက်ခိုက်မှုမှာ ဘင်္ဂါလီ အကြမ်းဖက်သမား ရာနဲ့ချီပါဝင် တယ်။ ဖောက်ခွဲရေးပစ္စည်းတွေ အသုံးပြုတယ်။ ချဉ်းကပ်လမ်း တွေမှာ ချုံခိုတိုက်ခိုက်ပြီး လုံခြုံ ရေး တပ်ဖွဲ့တွေရဲ့ တပ်ကူတွေ ကို နှောင့်နှေးအောင် ဟန့်တား တယ်။ ပြီးတော့ ရဲတပ်ဖွဲ့လက် နက်တိုက်တွေကို ဝင်ရောက်လု ယက်ခဲ့တယ်။

နိုဝင်ဘာ ၁၂ ရက်မှာ နောက် ထပ် ထိပ်တိုက်တွေ့တဲ့ အခြေအ နေတစ်ခု ထပ်ဖြစ်ပြီး မြန်မာ့တပ် မတော်က အရေးပါတဲ့ အရာရှိ တစ်ယောက် ကျဆုံးခဲ့တယ်။ ဖြစ် ရပ်တွေကို ပြန်ကြည့်ရင် ပြောက် ကျားစစ်ဆင်ရေးကို ကောင်း ကောင်း လေ့ကျင့်သင်ယူထားပြီး အစီအစဉ်တကျ ဆောင်ရွက်သွား တဲ့ သောင်းကျန်းသူတွေရဲ့ လက် ချက်မျိုးလို့ ဆိုနိုင်တယ်။ နောက် ထပ်လည်း အလားတူကိစ္စတွေ ဖြစ်လာနိုင်တယ်။ တပ်မတော်က လည်း အထင်ကရ စစ်ဆင်ရေး တစ်ခု ဆင်နွှဲပြီး တုံ့ပြန်တယ်။ ဘင်္ဂါလီစစ်သွေးကြွတွေ လုယက် ယူငင်သွားတဲ့ လက်နက်တွေကို ပြန်သိမ်းဆည်းပြီး အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို မြေလှန်ရှာတယ်။

တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကို ထိပါးလာတဲ့အပြင် အရာရှိ အကြပ်စစ်သည်တွေပါ ကျဆုံးခဲ့ တာကြောင့် ဘင်္ဂါလီသောင်းကျန်း သူတွေဟာ တပ်မတော်ရဲ့ တင်း မာတဲ့ ကိုင်တွယ်ဖြေရှင်းမှုကို ရှောင်လွှဲဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘင်္ဂါလီတွေ နေထိုင်တဲ့ ဒေသ တွေမှာပါ တိုက်ပွဲတွေ ဖြစ်ပွား ပြီး လူပေါင်း ၂၇,၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒုက္ခသည် အနေနဲ့ ထွက်ပြေးတိမ်းရှောင် ခို လှုံရတယ်။ အိမ်ခြေ ၁,၅၀၀ လောက် မီးလောင်ပြာကျသွား တယ်။ အနောက်တိုင်းမီဒီယာ တချို့နဲ့ ဘင်္ဂါလီအလိုတော်ရိ တွေက ခိုင်မာတဲ့ သက်သေမျိုး မပြသနိုင်ဘဲ တပ်မတော်က ဘင်္ဂါလီ ရွာတွေကို မီးရှို့တယ်ဆိုတာ မျိုး စွပ်စွဲမှုတွေ ရှိလာတယ်။

တပ်မတော် အနေနဲ့ကတော့ ဘင်္ဂါလီ သောင်းကျန်းသူတွေကို ဖြိုခွင်းဖို့အတွက်သာ အာရုံစိုက် ထားပြီး စစ်ဆင်ရေးလုပ်ဆောင် နေတဲ့ ဧရိယာကို ပိတ်ဆို့ထား တယ်။ လူ့အခွင့်အရေးဖောက် ဖျက်မှုတွေ ရှိနေတယ်လို့ အ နောက်နိုင်ငံမီဒီယာတချို့က စွပ်စွဲရေးသားနေပေမယ့် ဘာကိုမှ တိ တိကျကျ လက်ဆုပ်လက်ကိုင် သက်သေပြနိုင်တာမျိုး မရှိဘူး။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကိုတော့ ပြောင်းရွှေ့ထွက်ပြေးသူ အရေအတွက်က ပိုများလာတယ်။

မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီ ပြဿနာနဲ့ ပတ်သက်ပြီး အတတ် နိုင်ဆုံး လူသိရှင်ကြားပြောဆိုတာ မျိုး မလုပ်ဘဲ သိုသိုသိပ်သိပ် စီမံ ကိုင်တွယ်နေဟန်ရှိတယ်။ ရခိုင် ပြည်နယ်မှာ ဘင်္ဂါလီတွေကို နှိပ် စက်ညှဉ်းပန်းမှုတွေ ဖြစ်ပေါ်နေ ကြောင်း သတင်းတွေကို မြန်မာ အစိုးရ မီဒီယာတွေက ပြတ်ပြတ် သားသား ငြင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိ ပက္ခတွေကြောင့် မြန်မာအစိုးရ နဲ့ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်တို့ အပါအဝင် မွတ်စလင်နိုင်ငံတွေ ကြား တင်းမာမှုတွေလည်း ရှိလာ တယ်။

တကယ်လို့ မြန်မာအစိုးရက ကိုင်တွယ်ပုံ လမ်းကြောင်းမှား သွားခဲ့မယ်ဆိုရင် အယ်လ်ယာ ကင် စစ်သွေးကြွတွေကို ကူညီဖို့ ပဋိပက္ခ နယ်မြေထဲကို မွတ်စလင် တွေ ပိုဝင်လာနိုင်တယ်။ လက် နက်ကိုင် တိုက်ခိုက်မှုတွေ ထပ်ဖြစ် လာနိုင်ပြီး နောက်တစ်ကြိမ် သံ သရာလည်သွားနိုင်တယ်။ ဒါ့အ ပြင် ဘင်္ဂါလီအရေးနဲ့ ဆက်နွှယ်ပြီး နိုင်ငံတကာ ဂျီဟတ်ဝါဒီ အုပ်စုတွေ နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ က မြန်မာ့ပိုင်နက်မှာ ဝါဒဖြန့်အ မြတ်ထုတ်ဖို့ အခွင့်အရေးယူလာ နိုင်ခြေကိုလည်း စဉ်းစားသင့် တယ်။ တကယ်လို့သာ နောက် ဆက်တွဲ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုလောက် ကြီးကြီးမားမား ဖြစ်ခဲ့မယ်ဆိုရင် ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ တင်းမာမှုတွေ တစ် နိုင်ငံလုံး အတိုင်းအတာနဲ့ ပေါ် ပေါက်လာပြီး အကျိုးဆက်က မျှော်မှန်းလို့မရအောင် ကျယ်ပြန့် သွားနိုင်တယ်။

ဒီဖြစ်တန်ခြေတွေကို ရှောင် လွှဲလို့တော့ ရပါတယ်။ လုံခြုံရေး တန်ပြန်လှုပ်ရှားမှုတွေကို သင့် တော်တဲ့ အတိုင်းအတာနဲ့ စီမံ ကန့်သတ်လိုက်တာမျိုး၊ ရခိုင်တိုင်း ရင်းသားတွေနဲ့ ဘင်္ဂါလီမျိုးနွယ် တွေကြား အပြန်အလှန် လက်ခံ နိုင်မယ့် လက်ရာမြောက် နိုင်ငံရေး မဟာဗျူဟာတစ်ရပ် ဖော်ဆောင် တာမျိုးတွေ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေ ကြားမှာ ညှိနှိုင်းကိုင်တွယ်ရမယ့် အခြေအနေတွေက ထိလွယ်ရှ လွယ် ရှိလွန်းတာတော့ အမှန်ပါ ပဲ။ မြန်မာအစိုးရဟာ ဒေသတွင်း ဆက်စပ်နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှမှု တွေ ဖော်ဆောင်ဖို့လည်း လိုပါ တယ်။ ဒီလုပ်ငန်းစဉ်တွေ အစပြုဖို့ နေရာ အထားအသိုကတော့ အ တော်လေး ကျဉ်းမြောင်းနေပါပြီ။

အခြေအနေတွေ ပိုဆိုးမ သွားအောင် တားဆီးဖို့ဆိုရင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ခိုင်မာအား ကောင်းပြီး ပွင့်လင်းမြင်သာတဲ့ ဦးဆောင်မှုမျိုးကို လိုအပ်မှာ ဖြစ် ပါတယ်။

SOURCES 7 DAY DAILY JOURNAL

No comments:

Post a Comment