Latest News

Monday, December 19, 2016

ရဲစခန်းအားလုံး လူမှုကွန်ရက်အသုံးပြုဖို့ ရဲတပ်ဖွဲ့ဌာနချုပ်က ညွှန်ကြား

ရဲစခန်းအားလုံး လူမှုကွန်ရက်အသုံးပြုဖို့ ရဲတပ်ဖွဲ့ဌာနချုပ်က ညွှန်ကြား

လူမှုကွန်ရက်ကသတင်းတွေ သုံးသပ်နိုင်ဖို့နဲ့ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ထိရောက်အောင် ဆောင်ရွက်တာဖြစ်တယ်။
 
မှုခင်းတွေ ဖော်ထုတ်ရာမှာ ထိရောက်မှုရှိစေရေးအတွက် မြန်မာနိုင်ငံအနှံ့ ရဲစခန်းတွေအားလုံးကို  လူမှုကွန်ရက်အသုံးပြုဖို့ ရဲတပ်ဖွဲ့ဌာနချုပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရဲစခန်းပေါင်း ၁,၂၅၀ ခန့်ရှိပြီး မှုခင်းတွေဖော်ထုတ်ရာမှာ လူထုနဲ့ သတင်းအချက်အလက် ဖလှယ်နိုင်ရေးအတွက် ဖေ့စ်ဘွတ်နဲ့ ဂျီမေးလ်အကောင့်ဖွင့်ကာ အသုံးပြုဖို့ စာထုတ်ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာကတည်းက ညွှန်ကြားခဲ့တာဖြစ်ပြီး  မှုခင်းတွေဖော်ထုတ်ရာမှာ လူထုနဲ့ပူးပေါင်းမှု ထိရောက်ဖို့၊ လူမှုကွန်ရက်ကသတင်းတွေ သုံးသပ်နိုင်ဖို့နဲ့ မှုခင်းကြိုတင်ကာကွယ်ရေးအတွက်လည်း ထိရောက်အောင် ဆောင်ရွက်တာဖြစ်တယ်လို့   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီးတင်ဝင်းက ပြောထားပါတယ်။

ရဲစခန်းကိုယ်စားပြု သတင်းတွေတင်ရာမှာလည်း နည်းပညာအတန်အသင့် ကျွမ်းကျင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ လိုအပ်နေကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သုံးသပ်ထားကြတယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily, AFP , Duwun
 

No comments:

Post a Comment