Latest News

Monday, December 19, 2016

ဆူဇူကီးပြိုင်ပွဲ အကောင်းဆုံး လူငယ်ဘောလုံးသမားအဖြစ် အောင်သူ မဲပေးရွေးချယ်ခံရ

ဆူဇူကီးပြိုင်ပွဲ အကောင်းဆုံး လူငယ်ဘောလုံးသမားအဖြစ် အောင်သူ မဲပေးရွေးချယ်ခံရ

Goal.com စာဖတ်ပရိသတ်တွေက အောင်သူကို မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
 
ကျင်းပပြီးစီးသွားခဲ့တဲ့  AFF ဆူဇူကီးဖလား ၂၀၁၆ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် မြန်မာကစားသမားအောင်သူကို နာမည်ကျော်ဘောလုံးသတင်းဝက်ဘ်ဆိုက် Goal.com ရဲ့ စာဖတ်ပရိသတ်တွေက ရွေးချယ်လိုက်ကြောင်း သိရပါတယ်။

သတင်းဖော်ပြချက်အရ ယခုနှစ်ဆူဇူကီးဖလားပြိုင်ပွဲ အကောင်းဆုံး လူငယ်ဘောလုံးသမားအဖြစ် Goal.com ရဲ့ အယ်ဒီတာတွေနဲ့ စာဖတ်ပရိသတ် သုံးသောင်းကျော်တို့က ရွေးချယ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာအသင်း အုပ်စုအဆင့်က ဖြတ်ကျော်နိုင်ခဲ့မှုမှာ အသက် ၂၀ အရွယ် အောင်သူရဲ့ ခြေစွမ်းက အဓိက ကျခဲ့ပြီး ပြိုင်ဘက်အသင်းတွေရဲ့ ဂိုးပေါက်ကို အကြိမ် ၂၀ တိတိ ခြိမ်းခြောက်နိုင်ခဲ့ပြီး ၁၀ ကြိမ်ဂိုးပေါက်တည့်ခဲ့ပါတယ်။

အသင်းကစားဖော်တွေအတွက် ဂိုးရနိုင်ချေရှိတဲ့အခွင့်အရေး ဆယ်ကြိမ်ဖန်တီးပေးနိုင်ခဲ့ပြီး အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အောင်သူနဲ့အတူ ကမ္ဘောဒီးယားအသင်းက လူငယ်ကစားသမား ချမ်းကလည်း ဆုရဖို့ ရေပန်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် ချမ်းဟာ မဲရရှိမှုအရေအတွက်မှာ ၃၄ ရာခိုင်နှုန်းသာရခဲ့ပြီး အောင်သူကိုမမီပဲ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။

မဲပေးသူ အရေအတွက် ၅၈ ရာခိုင်နှုန်းက အောင်သူကို လူငယ်အကောင်းဆုံး ကစားသမားအဖြစ် မဲပေးခဲ့ကြတာဖြစ်ပါတယ်။

Source : Goal : Duwun


 

No comments:

Post a Comment