Latest News

Sunday, December 4, 2016

တရားမ၀င်သစ်များတင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိ

တရားမ၀င်သစ်များတင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိ

 ဒီဇင်ဘာ ၎

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်စဉ်ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ၀မ်ဖွန်းကျေးရွာမှ ကျေးသီးမြို့ဘက်သို့မောင်းနှင်လာသည့် ယာဉ်နှစ်စီးအား မသင်္ကာ၍ရပ်တန့်စစ်ဆေးစဉ် ဦးစိုင်းမတ်တန်း(ဘ)ဦးဘိန်းနှင့် ဦးမောင်ဇော်(ဘ) ဦးအောင်ငွေတို့မောင်းနှင်သည့် နစ်ဆန်းအမျိုးအစား ၁၂ ဘီးယာဉ်အမှတ်၊MDY-2B /-- နှင့် ၉ခ/----ယာဉ်ပေါ်မှ တရားမ၀င်ပိတောက်သစ်ဓားရွေတုံး အရှည်၁၂ ပေခန့် ၂၇ တုံး(၁၀ တန်ခန့်)နှင့် အရှည်၁၅ ပေခန့်ရှိ ၂၁ တုံး (၁၀ တန်ခန့်)တို့အားဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၊ တရားမ၀င်သစ်များနှင့် မော်တော်ယာဉ်များအား မိုင်းနောင်မြို့နယ် ရဲစခန်းနှင့် သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
Yatanarpon News

No comments:

Post a Comment