Latest News

Friday, December 23, 2016

ခရစ္စမတ်နေ့မှာ ဖိလစ်ပိုင်ကို အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်မယ်


ခရစ္စမတ်နေ့မှာ ဖိလစ်ပိုင်ကို အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်မယ်


ဖိလစ်ပိုင်နိုင်ငံကို လာမယ့် ခရစ္စမတ်နေ့မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ဝင်ရောက်မယ်လို့ တာဝန်ရှိသူတွေက ယနေ့ သတိပေး ကြေညာလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ခရစ်ယာန် ဘာသာဝင်တွေ ခရစ္စမတ်ပွဲ ဆင်နွှဲမယ့်နေ့မှာမှ ဝင်ရောက်တိုက်ခတ်မယ့် မုန်တိုင်းက နော့ခ်တန်လို့ အမည်ရပြီး တစ်နာရီကို ၁၉၄ ကီလိုမီတာ (၁၂၀ မိုင်) ခန့် ရှိနိုင်ပြီး တနင်္ဂနွေနေ့မှာ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းရှိ ကျွန်းစုတွေထဲက အဓိကကျွန်းကြီး ဖြစ်တဲ့ လူဇွန်ကို ဝင်ရောက်တဲ့အချိန်မှာ တစ်နာရီ ၂၄၁ ကီလိုမီတာအထိ ရှိနိုင်တယ်လို့ US Joint Typhoon Warning Center က သတိပေးထားပါတယ်။

ဖိလစ်ပိုင် မိုးလေဝသ ဌာနချုပ်ကတော့ လေတိုက်နှုန်းကို အဲဒီထက် ပိုပြင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်ပြည်သူတွေ အနေနဲ့ ခရစ္စမတ်နေ့မှာ မုန်တိုင်းဝင်ရောက်မယ် ဆိုတာကို သိရှိထားကြောင်းနဲ့ မုန်တိုင်းအန္တရာယ်အတွက် အမြင့်ဆုံးအဆင့် ကြိုတင်ကာကွယ်မှုတွေကိုလည်း လုပ်ဆောင်ထားကြောင်း ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ် လျှော့ချရေးနဲ့ စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ သန်းနဲ့ချီတဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေဟာ ပွဲတော်ရက် ရုံးပိတ်ရက်အတွင်း မြို့ကြီးတွေကနေ မိမိတို့ ဇာတိမြို့ ရွာတွေကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတို့ကနေ တဆင့် သွားလာလျက် ရှိပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်တဲ့ မုန်တိုင်းတွေ အများဆုံး ဝင်ရောက်တိုက်ခတ်ခံရတဲ့ နိုင်ငံဖြစ်ပြီး တစ်နှစ်ကို မုန်တိုင်းကြီး အခု ၂၀ လောက်ထိ တိုက်ခတ်ခံရလေ့ ရှိပါတယ်။

SOURCES : CNA ; The Voice

No comments:

Post a Comment