Latest News

Friday, December 23, 2016

ကိုယ့်အိမ်ကို မီးနှင့်ရှိုပြီး ရဲလာဖမ်းမှ သားသမီးအား ဓားစာခံလုပ်သူကို ဝိုင်းဝန်းလုံးထွေး ဖမ်းဆီးရမိ

ကိုယ့်အိမ်ကို မီးနှင့်ရှိုပြီး ရဲလာဖမ်းမှ သားသမီးအား ဓားစာခံလုပ်သူကို ဝိုင်းဝန်းလုံးထွေး ဖမ်းဆီးရမိ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အစုကြီးအုပ်စု၊ မကျီးတန်းကျေးရွာမှ မိမိအိမ်ကို မီးရှိုးပြီး၊ သားသမီးအား ဓားစာခံလုပ်သူကို ဒီဇင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝိုင်းဝန်းလုံးထွေး ဖမ်းဆီးရမိခဲ့သည်။

အမှုမှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် တရားလို ဦးဝင်းနိုင်(၄၂)နှစ်(ဘ)ဦးစိန်လှိုင်၊ မကျီးတန်းရွာ၊ အစုကြီးအုပ်စု၊ ကျောင်းကုန်းမြို့နယ် နေသူသည်ရွာထဲရှိ မင်္ဂလာဆောင်၌ ရှိနေစဉ် သမီးဖြစ်သူ မပိတောက်ဝါထွေး မှ ဖုန်းဖြင့် အိမ်နီးချင်းနေ ကျော်မြင့် ဆိုသူသည် ၄င်း၏နေအိမ်အား ၄င်းကိုယ်တိုင် မီးရှို့၍ မီးလောင်နေကြောင်း ပြောပြသဖြင့် ကျေးရွာမီးသတ် ဦးစိုင်းဆီ နှင့်ဦးဝင်းမြင့် တို့အားခေါ်ဆောင်ကာ မီး လောင်ရာသို့သွားရောက် ခဲ့ပါသည်။

ကျေးရွာမီးသတ်အဖွဲ့ ရောက်ရှိလာစဉ်မှာ ကျော်မြင့်သည် ထွက်ပြေးတိမ်းရှောင်သွားပြီး၊ ခြောက်တောင်ပတ်လည် ဝါးတိုင်၊ ဝါးကြမ်းခင်း၊ ထရံကာ၊ သွပ်မိုး နေအိမ်တစ်လုံး ၊ ကာလတန်ဘိုး ကျပ်ငါးသောင်းခန့် မီးလောင်ကုန်ဆုံး ပျက်စီးသွားကြောင်း တွေ့ရှိရသဖြင့် ဥပဒေအရ အရေးယူပေးရန် တိုင်တန်းမှု ဖြစ်ပွားခဲ့သည်။

Sources : မြန်မာ့အလင်း : Myanmaalinn >>> Zin Moe

No comments:

Post a Comment