Latest News

Friday, December 16, 2016

သတင်းရယူရာမှာ ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် ညောင်လေးပင်မှာ သတင်းသမားတွေ ဆန္ဒပြဖို့ရှိ

သတင်းရယူရာမှာ ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် ညောင်လေးပင်မှာ သတင်းသမားတွေ ဆန္ဒပြဖို့ရှိ


ညောင်လေးပင်မြို့နယ်မှာ သတင်းသမားတွေ သတင်းရယူရာမှာ ခြိမ်းခြောက်ခံရတဲ့အတွက် လာမယ့် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဆန္ဒပြဖို့ စီစဉ်ထားပါတယ်။

သတင်းသများတွေအနေနဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီမှာ ဆန္ဒထုတ်ဖော်မှာဖြစ်ပြီး အဲဒီဆန္ဒထုတ်ဖော်ပွဲမှာ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ကျောက်ကြီး၊ ရွှေကျင်၊ ဖြူး မြို့နယ်တွေက သတင်းထောက်က အဲဒီဆန္ဒထုတ်ဖော်ပွဲနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။



ညောင်လေးပင်မြို့နယ်၊ ကျပန်းကျေးရွာအုပ်စု၊ ဇလုပ်ကုန်းကျေးရွာမှာ ပိုင်ဆိုင်မှုအငြင်းပွားမှုဖြစ်နေတဲ့ အိမ်နဲ့ခြံ ကိစ္စနဲ့ပတ်သက်ပြီး အမှုနိုင်တဲ့လူနဲ့ ရွာသာတွေကြေား ပဋိပက္ခပုံစံဖြစ်ပေါ်နေချိန်မှာ သတင်းသွားယူခဲ့တဲ့ သတင်းသမားတွေကို တရားရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်က တရားစွဲမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် အခုလို စီစဉ်ဆွေးနွေးခဲ့ကြတာပါ။

သတင်းကွင်းဆင်းရယူရာမှာ ပါဝင်တဲ့ သတင်းထောက်တွေနဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သတင်းထောက်တွေလည်း အဲဒီဆွေးနွေးပွဲကို တက်ရောက်ပြီး မြို့နယ်အလိုက် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

သတင်းသမားတွေအနေနဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ညောင်လေးပင်မြို့ ဘုရားကြီးရှေ့ကစတင်ဆန္ဒပြပြီး မြို့နယ်တရားရုံးရှေ့အထိ လှည့်လည်ဆန္ဒထုတ်ဖော်ပြမှာ ဖြစ်ပါတယ်။ “သတင်းမီဒီယာများ လွတ်လပ်ခွင့် ရရှိရေး၊ တရားရုံးအပါအဝင် ဌာနဆိုင်ရာရုံးများမှ သတင်းရယူရာတွင် ဖိနှိပ်ကန့်သတ်မှု ဖယ်ရှားပေးရေး၊ သတင်းအချက်အလက်များ ရယူရာတွင် သတင်းများကို လွတ်လပ်စွာ အချိန်နှင့်တစ်ပြးညီ ရရှိရေးနဲ့ သတင်းမီဒီယာသမားများအား ခြိမ်းခြောက်ခြင်းနှင့် သတင်းရယူခွင့်ကို ပိတ်ပင်တားဆီးသော တရားရေးဝန်ထမ်းများကို ထိရောက်စွာ အရေးယူပေးရေး” စတဲ့ အချက်လေးချက်ဖော်ပြထားတဲ့ စာတန်းတွေ ကိုင်ဆောင်ဆန္ဒပြမှာဖြစ်ပြီး ညောင်လေးပင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ ခွင့်ပြုမိန့်တင်ပြတောင်းခံထားပါတယ်။

မင်းမနိုင်(စစ်တောင်း)

MCN TV (NEWS CHANNEL)

No comments:

Post a Comment