Latest News

Friday, December 16, 2016

ရန်ကုန်တွင် မှုခင်းများပြားလာ၍ ပုဂ္ဂလိကလုံခြုံရေး ၀န်ထမ်းများအား လုံခြုံရေးသင်တန်းများ ပို့ချရန် စီစဉ်နေဟု တိုင်းနယ်လုံဝန်ကြီးပြော

ရန်ကုန်တွင် မှုခင်းများပြားလာ၍ ပုဂ္ဂလိကလုံခြုံရေး ၀န်ထမ်းများအား လုံခြုံရေးသင်တန်းများ ပို့ချရန် စီစဉ်နေဟု တိုင်းနယ်လုံဝန်ကြီးပြော

ရန်ကုန်မြို့တွင် မှုခင်း များပြားလာ၍ ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီများကို မှတ်ပုံတင်စေ မည်ဖြစ်ပြီး ပုဂ္ဂလိကလုံခြုံရေး ၀န် ထမ်းများအား လုံခြုံရေးသင်တန်း များ ပို့ချမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်အောင် ထွန်းကပြောသည်။

ဒီဇင်ဘာ ၁၆ ရက်က ပြု လုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကိုကိုးကျွန်းမြို့နယ်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦး တင်ဝင်းက ‘ရန်ကုန်တိုင်းဒေသ ကြီး၏ ပုဂ္ဂလိကလုံခြုံရေးကို ပိုမို ကောင်းမွန်၍ စနစ်ကျသော အ ခြေအနေသို့ ဆောင်ရွက်ပေးနိုင် ပါရန် သက်ဆိုင်ရာဌာနများသို့ တိုက်တွန်းကြောင်းအဆို’ ကို တင်ပြဆွေးနွေးမှုကို  ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းကအထက်ပါအတိုင်း   ပြောကြားခြင်းဖြစ် သည်။

‘‘ရန်ကုန်တိုင်းဒေသကြီးအ တွင်းမှာ လုံခြုံရေးကုမ္ပဏီတွေ အ များကြီးရှိပါတယ်။ လုံခြုံရေးဝန် ထမ်းတွေလည်း အများကြီးရှိပါ တယ်။ ဒါတွေက ပြန့်ကျဲနေပြီး တော့မှ ကိုယ့်သဘောကိုယ်ဆောင် ပြီး လုပ်နေတာဖြစ်တဲ့အတွက် ကြောင့် ဒါတွေစုစည်းပြီး အင် အားယူလိုက်တဲ့သဘောဖြစ်ပါ တယ်။ တရားဝင်မှတ်ပုံ မတင် ထားသေးတဲ့ ကုမ္ပဏီတွေအကုန် လုံး မှတ်ပုံတင်ဖို့ပထမအဆင့် လုပ်နေပါတယ်။ ဒုတိယအဆင့်  အနေနဲ့က မှတ်ပုံတင်ပြီးပြီဆိုရင် သင်ရိုးဇယားကို ဆွဲပါမယ်။ ဆွဲ ပြီးလို့ရှိရင် ဒီဟာကို သင်ရမယ့် နည်းပြတွေဘယ်မှာရမလဲ။ ဘယ် ဌာနတွေက ပါဝင်သင့်မလဲဆိုပြီး ဆွေးနွေးပါမယ်။ သင်တန်းတွေ ကို စနစ်တကျပို့ချမယ်။ သင်တန်း တွေဆင်းလာရင် လက်မှတ်တွေ ပေးမယ်။ အခုက စီမံချက်ရေးနေ ပြီဖြစ်ပါတယ်’’ဟု ၎င်းကပြော သည်။ ယင်းစီမံချက်ကို ရေးဆွဲပြီး ပါက ၀န်ကြီးချုပ်ထံ တင်ပြပြီး နောက် လုံခြုံရေးကုမ္ပဏီများနှင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း၊ သင်ကြားမည့်နည်းပြနှင့် ညှိနှိုင်း ခြင်း၊ လေ့ကျင့်ပေးရန်နေရာများ ရှာဖွေခြင်းတို့ပြုလုပ်မည်ဟု ၎င်း က ဆက်လက်ပြောကြားသည်။

ပုဂ္ဂလိကလုံခြုံရေးကို ပိုမို ကောင်းမွန်၍စနစ်ကျသော အ ခြေအနေသို့ဆောင်ရွက်ပေးနိုင်ပါ ရန် သက်ဆိုင်ရာဌာနများသို့ တိုက်တွန်းကြောင်းအဆိုကို အ တည်ပြုပေးရန် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူများပြား၍ အဆိုရှုံး နိမ့်ခဲ့သည်။

‘‘ကျွန်တော့်အဆိုက ရန်ကုန် တိုင်းမှာရှိပြီးသား ပုဂ္ဂလိကလုံခြုံ ရေးကုမ္ပဏီတွေကို ပိုမိုစနစ်ကျ အောင် ဆောင်ရွက်ပေးဖို့ သက် ဆိုင်ရာဌာနတွေကို တိုက်တွန်း ကြောင်းအဆိုပါ။ ရန်ကုန်တိုင်း ဒေသကြီးမှာ ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတွေရှိပါတယ်။ ကုမ္ပဏီ တွေက လက်ရှိအနေအထားအရ ဆိုရင် တော်တော်များများဟာ မှတ်ပုံတင်တာလည်းမရှိဘူး။ အ လားတူပဲ ထရိန်နင်သင်တန်းပေး တာလည်း မရှိဘူး။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ နားလည်မှုလွဲတယ်လို့ပဲ မြင် တယ်။ လွှတ်တော်ကိုယ်စားလှယ် တွေက ဒီဟာကြီးဟာပြည်ထောင် စုမှာလုပ်ရမယ့်ဟာ။ ဒီတိုင်းဒေသ ကြီးမှာ လုပ်ရမယ့်ဟာမဟုတ်ဘူး လို့မြင်ကြတယ်။ ကျွန်တော့်လုံခြုံ ရေးဥပဒေဆိုရင်တော့ မှန်ပါ တယ်။ ပြည်ထောင်စုကနေ ပြဋ္ဌာန်းမှ တစ်နိုင်ငံလုံး အကျုံးဝင် မှာဖြစ်တဲ့အတွက် အဲဒီလုံခြုံရေး ဥပဒေမရောက်သေးခင်လေးမှာ ကျွန်တော်က စနစ်တကျလေးဖြစ် အောင်ပါ’’ဟု ပုဂ္ဂလိကလုံခြုံ ရေး နှင့် ပတ်သက်၍ အဆိုတင်သွင်း သူ ကိုကိုးကျွန်းမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးတင်ဝင်းက ပြောကြား သည်။

ပုဂ္ဂလိကလုံခြုံရေးအဆိုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်ငါး ဦးက ဆွေးနွေးရာ တပ်မတော် ကိုယ်စားလှယ်နှစ်ဦးက မှတ်တမ်း အဖြစ်သာထားရှိရန် ပြောဆိုပြီး အင်န်အယ်လ်ဒီပါတီ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်ခိုင် ဖြိုးပါတီ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးတို့က အဆိုကို ထောက်ခံကြောင်း ဆွေးနွေးခဲ့ သည်။

‘‘ပုဂ္ဂလိကလုံခြုံရေးဟာ မြန် မာနိုင်ငံရဲတပ်ဖွဲ့အတွက် များစွာ အထောက်အကူပြုလာမှာဖြစ်ပါ တယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ မှုခင်းတွေများလာတာ တွေ့မြင်ရ မှာပါ။ တချို့မှုခင်းတွေဆိုရင် လူ စည်ကားရာနေရာနဲ့ လူအများ ရှေ့မှာဖြစ်ပွားနေတာ တွေ့ရမှာ ပါ။ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း များရှိလာခြင်းအားဖြင့် အနည်း ဆုံး လုယက်မှုများဟာ အကာအ ကွယ်ပေးလာလိမ့်မယ်လို့ ထင် မြင်မိပါတယ်။ ပုဂ္ဂလိကလုံခြုံရေး ၀န်ထမ်းများကို စနစ်တကျ လုပ် ဆောင်ခြင်းအားဖြင့် မှုခင်းတွေမှာ လည်း အထိုက်အလျောက် လျော့ နည်းသွားမယ်လို့ထင်ပါတယ်’’ ဟု ပုဂ္ဂလိကလုံခြုံရေးအဆိုကို ထောက်ခံဆွေးနွေးခဲ့သော အင်န် အယ်လ်ဒီပါတီမှ အလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က ပြောသည်။

ရန်ကုန်မြို့တွင် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ ၈၆ ခုရှိပြီး မှတ် ပုံတင်ထားသည့် လုံခြုံရေးကုမ္ပဏီ ၃၂ ခုသာရှိကြောင်း သိရသည်။

‘‘လုံခြုံရေးဝန်ထမ်းအတွက် စစ်သင်တန်းသုံးရက် တက်ရ တယ်။ ဘာတွေသင်တုံးဆိုရင် အလေးပြုတို့၊ နေမြဲတို့၊ သက်သာ တို့ပဲ သင်ပေးတယ်။ တခြားတိုက် တာခိုက်တာတွေ သင်မပေးဘူး’’ ဟု ရန်ကုန်မြို့ရှိ ကုမ္ပဏီတစ်ခု တွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသူ အသက် (၅၀) ကျော် အရွယ်အမျိုးသားတစ်ဦး ကပြောသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့ ၌ ဖြစ်ပွားခဲ့သည့် တော်ဝင်ဈေး ၀ယ်စင်တာတွင် အရောင်းဝန် ထမ်းတစ်ဦး ဓားထိုးခံရမှု၊ ဒဂုံဈေး ၀ယ်စင်တာ အရောင်းဝန်ထမ်း တစ်ဦး မျက်လုံးကို ကတ်ကြေးဖြင့် အထိုးခံရမှုတို့က ပုဂ္ဂလိက လုံခြုံ ရေးဝန်ထမ်းများ လုံခြုံရေးအား နည်းခြင်းကြောင့် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် တော်ဝင်ဈေးဝယ်စင်တာအတွင်း မျက်မှန်များရောင်းချနေသည့် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့သည်။ ဈေးဝယ်စင် တာအတွင်း  ဓားဖြင့်ထိုးသူကို စင်တာလုံခြုံရေးဝန်ထမ်းများက ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေ။ ဧပြီ ၆ ရက်ကလည်း ဒဂုံဈေးဝယ်စင်တာ အတွင်း အလှကုန်ပစ္စည်းရောင်း ချနေသည့် အမျိုးသမီးတစ်ဦး ကတ်ကြေးဖြင့် ထိုးခံရမှု ဖြစ်ပွားခဲ့ သည်။

ထို့အပြင် နိုဝင်ဘာ ၂၀ ရက် က  ဒေါပုံမြို့နယ်  Capital Hypermarket ဈေးဝယ်စင်တာ အတွင်း  လာရောက်ဖောက်ခွဲမှု ပြုလုပ်သူများကို ယင်းစင်တာရှိ လုံခြုံရေးဝန်ထမ်းများက မသိရှိ ခဲ့ပေ။



SOURCES 7 DAY

No comments:

Post a Comment