Latest News

Tuesday, December 6, 2016

ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ နောက်ကျခြင်းကြောင့် တိုင်း လွှတ်တော် တစ်နာရီကျော် နောက်ကျကျင်းပ

 ဒီဇင်ဘာလ ၂ ရက် နေ့ ကကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တတိယနေ့ ပုံမှန်အစည်းအဝေးသတ္တမနေ့ အစီအစဉ် ကို နေ့ လည် ၁၁ နာရီ ၅မိနစ်မှာ ကျင်းပပြု လုပ်ခဲ့ ပါတယ် ။
မူလက  နံနက် ၁၀ နာရီ မှာကျင်းပရန်စီစဉ်ထားပြီး ယခင်ရက်များကလည်း နံနက် ၁၀ နာရီမှာ ကျင်းပခဲ့ တာပါ။
 ဒီနေ့ မှာတော့  အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ နောက်ကျခြင်းကြောင့်  နောက်ကျကျင်းပနိုင်ခဲ့ တာပါ
ပထမတော့၁၅ မိနစ်လောက် ပဲစောင့် ရမယ်ဆိုပီး  တစ်နာရီကျော်ကြာစောင့် လိုက်ရတယ်လို့ ကိုယ်စားလှယ်တွေကပြောပါတယ်။

နောက်ကျရတာနဲ့ ပတ်သတ်ပြီး  စည်ပင်ဝန်ကြီးဦးကျော်မြင့်ကအိမ်တွင်းမှုသင်တန်းဖွင့် ပွဲ အခမ်းအနားတက်နေရတာကြောင့်လို့ ဆိုပါတယ်။
မျိုးမင်းပိုင်



No comments:

Post a Comment