Latest News

Friday, December 16, 2016

ငွေလဲနှုန်းကို ထိန်းချုပ်လို့မရနိုင်ဘူးလို့ ဘဏ္ဍာအခွန်ဒုဝန်ကြီးပြော


ငွေလဲနှုန်းကို ထိန်းချုပ်လို့မရနိုင်ဘူးလို့ ဘဏ္ဍာအခွန်ဒုဝန်ကြီးပြော

အစိုးရက တိုက်ရိုက်ထိန်းချုပ်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။
 
အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ၁၄၀၀ ကျပ်ကျော်တဲ့အထိ မြင့်တက်နေချိန်မှာ နိုင်ငံခြားငွေလဲလှယ်တဲ့နှုန်းကို အစိုးရက တိုက်ရိုက်ထိန်းချုပ်လို့ မရနိုင်ဘူးလို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဇင်ဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

‘‘အစိုးရအနေနဲ့ ဘယ်ဈေးပဲ ရှိရမယ်၊ ဘယ်ဈေးမှာပဲဖြစ်ရမယ် ဆိုပြီး တိုက်ရိုက်လုပ်လို့မရပါဘူး။ ဈေးကွက်ကနေပြီး ဝယ်လိုအား၊ ရောင်းလိုအားအပေါ်မှာ ဖြစ်ပေါ် လာတဲ့နှုန်းထားအပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်ရတာဖြစ်တဲ့ အတွက်ကြောင့် ဒီအပေါ်မှာ ဝယ် လိုအား အခြေအနေများနေရင် ဝယ်လိုအားအခြေအနေကို ဘယ် လိုထိန်းသိမ်းပေးမလဲဆိုတာကို အစိုးရဘက်က ဗဟိုဘဏ်၊ စီမံ ဘဏ္ဍာ၊ စီးပွားကူးသန်းစတဲ့ ဝန်ကြီးဌာနတွေက တွေ့ဆုံညှိနှိုင်းပြီးတော့ဆောင်ရွက်နေပါတယ်"လို့  ဦးမောင်မောင်ဝင်းက ပြောပါတယ်။


ဒေါ်လာဈေးတက်တာကို အစိုးရက ထိန်းချုပ်လို့မရတာမှန်ပေမယ့် ဒီအကျိုးဆက်ကြောင့် တိုင်းပြည်မထိခိုက်အောင် ဆောင်ရွက်သင့်တယ်လို့ ငွေကြေးပညာရှင် ဦးရဲမင်းဦးက ပြောခဲ့ပြီး အစိုးရအနေနဲ့ ဝယ်လို အားရောင်းလိုအားကို ထိန်းညှိပေးတာတွေအပြင် ဒေါ်လာဈေးတက်လာလို့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ဖြေရှင်းဖို့ ပြင်ဆင်ထားသင့်တယ်လို့လည်း အကြံပြုထားပါတယ်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက တစ်ဒေါ်လာကို ၁,၄၄၀ ကျပ်ပေါက်ဈေးရှိနေပြီး ဗဟိုဘဏ်ရည်ညွှန်းဈေးနဲ့ ၇၅ ကျပ်လောက် ပိုများနေပြီး ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက အမေရိ ကန်တစ်ဒေါ်လာကို ၁,၄၂၅ ကျပ်ပေါက်ဈေးရှိပြီး နေ့လယ်မှာ ၁,၄၄၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily,EPA,Duwun

No comments:

Post a Comment