Latest News

Friday, December 16, 2016

၂၁ ရာစုပင်လုံမှာ လက်နက်ကိုင်အားလုံးပါဝင်ရေးအဆို လွှတ်တော်မှာ ပယ်ချခံရ

၂၁ ရာစုပင်လုံမှာ လက်နက်ကိုင်အားလုံးပါဝင်ရေးအဆို လွှတ်တော်မှာ ပယ်ချခံရ

အစိုးရက လုပ်ဆောင်နေလို့ အရေးမကြီးဘူးဆိုပြီး ပယ်ချခံခဲ့ရတာပါ။
     

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပေးဖို့တိုက်တွန်းမယ့် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က ပယ်ချလိုက်တယ်လို့ အဆိုရှင် နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါလာရေးကို အစိုးရက လုပ်ဆောင်နေလို့ အရေးမကြီးတာကြောင့် အရေးကြီးအဆို တင်သွင်းမယ့် အဆိုပြုချက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ညနေမှာ ချက်ခြင်း ပယ်ချခံလိုက်ရတာလို့ မိုင်းဝင်းထူးက ဆိုပါတယ်။

“ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ဖို့ တိုက်တွန်းတဲ့အဆိုကိုတောင်ပယ်ခံရလို့ စိတ်မကောင်းဖြစ်တယ်’’လို့ မိုင်းဝင်းထူးက ပြောခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်အားလုံး ၂၁ရာစုပင်လုံမှာ ပါဝင်နိုင်ဖို့ လာရေး ဦးဆောင်ပေးဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ကျင်းပဖို့ အစိုးရက ကြေညာထားပြီး တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်လာရေး ဖိတ်ခေါ်တယ်လို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Source : The Voice
Photo : Mizzima

No comments:

Post a Comment