Latest News

Monday, December 5, 2016

ပေါင်( ၇၅ )သန်းတန် ပုလဲ ကြီးကို တန်ဖိုးမသိဘဲသိမ်းထားတဲ့ တံငါသည်ကြီး

ပေါင်( ၇၅ )သန်းတန် ပုလဲ ကြီးကို တန်ဖိုးမသိဘဲသိမ်းထားတဲ့

တံငါသည်ကြီး

တံငါသည်အဖိုးအိုကြီးတစ်ယောက်ဟာ ပေါင် (၇၅)သန်းအထိ တန်ကြေးရှိတဲ့ ပုလဲ ကြီးကို သူရဲ့ သစ်သားအိမ်ငယ်လေးထဲမှာ ဆယ်စုနှစ်တစ်စုအကြာ သိမ်းထားခဲ့ပါတယ်။ သူသိမ်းထားတဲ့ ပုလဲကြီးရဲ့ တန်ဖိုးကို သူကိုယ်တိုင်က မသိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီ ပုလဲကြီးဟာ ကမ္ဘာ့အကြီးဆုံး ပုလဲအဖြစ်မှတ်တမ်းရေးထိုးထားတဲ့ပုလဲနဲ့ ယှဉ်ရင် အရွယ်အစားဟာ ငါးဆအထိ ပိုကြီးနေပါတယ်။

အဆိုပါ အမည်ဖော်ပြထားခြင်း မရှိတဲ့ တံငါသည်ကြီးဟာ 34 ကီလိုဂရမ်အလေးချိန်ရှိတဲ့ အဲဒီ ဧရာမပုလဲကြီးကို ဖိလစ်ပိုင်နိုင်ငံ၊ Palawan ကျွန်း ကမ်းရိုးတန်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ကံကောင်းစေတဲ့ အဆောင်လက်ဖွဲ့အဖြစ်နဲ့သာ သိမ်းထားခဲ့တာ ဖြစ်ပါတယ်။

Palawan Island မှ တံငါသည်တစ်ဦး
ဒါပေယ့် သူဟာ မီးဘေးအန္တရာယ်ကြောင့် အဲဒီအိမ်ကို စွန့်ခွာဖို့ အကြောင်းဖန်လာတဲ့အခါ အဲဒီပုလဲကြီးကို ယူပြီး Puerto Princesca နယ်မြေထဲမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှု ရုံးကို သွားရောက်ပြသခဲ့ပါတယ်။ သူ ပြသခဲ့တဲ့ ပုလဲကြီးဟာ အကြီးဆုံးပုလဲအဖြစ် မှတ်တမ်းဝင်ထားတဲ့ Pearl of Allah ထက် အရွယ်အစားအားဖြင့် ငါးဆ ပိုကြီးနေတယ်ဆိုတာကို သိခဲ့ရပါတယ်။

Pearl of Allah

Pearl of Allah ပုလဲရတနာကတော့ 6.4 ကီလိုဂရမ်သာ လေးပြီး ပေါင် ( 26.6) သန်း တန်ကြေးရှိပါတယ်။
ဒီပုလဲကြီးကတော့ အရည် 2.2 ပေ၊ ဗြက် 1 ပေ အရွယ်အစားရှိပြီး မှတ်တမ်းဝင်ပုလဲနဲ့ယှဉ်ရင် အရွယ်အစားဟာ ကြီးမားလွန်းလှပြီးပေါင် (76)သန်းအထိတောင် တန်ကြေးရှိနိုင်တယ်လို့ သိရပါတယ်။

အခြား မှတ်တမ်းဝင် ပုလဲဖြစ်တဲ့ Pearl of Lao Tze အမည်ရ ပုလဲကြီးကိုလည်း 1934 ခုနှစ်မှာ Palawan ကျွန်း ကမ်းရိုးတန်းမှာပဲ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပုလဲမှာလည်း ပေါင် (5) သိန်းအထိ တန်ကြေးရှိပါတယ်။ ဖိလစ်ပိုင် ခရီးသွားဝန်ဆောင်မှု အရာရှိဖြစ်တဲ့ Aileen Cynthia Amurao က ” ဒီပုလဲကို မုန်တိုင်းအတွင်းမှာ ကျောက်ဆူးငြိနေလို့ဆင်းဖြုတ်ရင်း သူ ဒီပုလဲကြီးကို ရခဲ့တာပါ … အဲဒီနောက် လှပတဲ့ ကျောက်တစ်ခုအဖြစ်သာ မှတ်ယူပြီး သူ့ဆီမှာ ဆယ်စုနှစ် တစ်စုအကြာ သိမ်းထားခဲ့ပါတယ် … တန်ဖိုးလည်း မသိခဲ့ပါဘူး … ” လို့ ပြောပါတယ်။

လှပပြီး အဖိုးတန်ပုလဲတွေ ထွက်ရှိတဲ့ Palawan Island
၎င်းက ထပ်လောင်းပြီး ” ဒါပေမယ့် ဒါကို ကျွန်တော်တို့ဆီကို ယူလာတော့ အလွန်အမင်း အံ့သြခဲ့ရပါတယ် .. ဘယ်
လောက် တန်မှန်းတောင် မသိရလို့ … ကျွမ်းကျင် အကဲဖြတ်ပညာရှင်တစ်ယောက်ကို ဖိတ်ကြားခဲ့ရပါတယ် Gemologist Institute ရဲ့ ခွင့်ပြုချက်ကိုလည်း တောင်းခံထားပြီး ဒီဧရာမပုလဲကြီးကို ဖိလစ်ပိုင်မှာပဲ ထားရှိကာ ခရီးသွားတွေကို စွဲဆောင်မှုတွေ ပြုလုပ်သွားမယ်လို့ “လို့ ရှင်းပြခဲ့ပါတယ်။
Credit:Shwemom >>> Search Myanmar

No comments:

Post a Comment