Latest News

Saturday, December 17, 2016

ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းကနေ ကိုးနှစ်အတွင်း မြန်မာနိုင်ငံ လွတ်မြောက်နိုင်တယ်လို့ဆို

ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းကနေ ကိုးနှစ်အတွင်း မြန်မာနိုင်ငံ လွတ်မြောက်နိုင်တယ်လို့ဆို

၂၀၁၇ ကနေ ၂၀၂၄ ကြားကာလထဲမှာ လွတ်မြောက်နိုင်တယ်လို့ ဆိုပါတယ်။
     

ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုညီလာခံ (UNCTAD)က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံက လာမယ့်ကိုးနှစ်အတွင်း ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံး၊ အဆင်းရဲဆုံးနိုင်ငံစာ ရင်းဝင်အဖြစ်ကနေ လွတ်မြောက်နိုင်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ နိုင်ငံပေါင်း ၄၈ နိုင်ငံကို ဖွံ့ ဖြိုးမှု အနည်းဆုံးနိုင်ငံတွေ (LDCs) အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပေမယ့် ၂၀၁၇ ကနေ ၂၀၂၄ ကြားကာလထဲမှာ မြန်မာအပါအဝင် ကျန်တဲ့ ၁၆ နိုင်ငံကို အဆိုပါ စာရင်းဝင်အဖြစ်ကနေ ပယ်ဖျက်နိုင်ဖို့ စီမံချက်ချထားတယ်လို့ သိရပါတယ်။

‘‘သိပ်ကို အောင်မြင်နိုင်ခြေရှိတဲ့ ပန်းတိုင်တစ်ခုပါ။ နောက်ပြီး အစိုးရဆောင်ရွက်ချက်စွမ်းပကားကို အကဲဖြတ်တဲ့ အခါမှာလည်း အသုံးဝင်တဲ့ စံသတ်မှတ် တစ်ခုဖြစ်ပါတယ်’’လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးတစ်ဦးဖြစ်တဲ့ ပါမောက္ခရှောင်တာနဲလ်က ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ သုံးနှစ်တာကို အခြေခံပြီး တွက်ချက်ရာမှာ အမေရိကန်ဒေါ်လာ ၁,၀၃၅ ပဲရှိရင် စာရင်းသွင်းခံရန်ဖို့ရှိနေပြီး ၁,၂၄၂ ဒေါ်လာရှိရင်တော့ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံး၊ အဆင်းရဲဆုံးနိုင်ငံစာရင်းကနေ ပယ်ဖျက်ခံရဖို့ရှိနေပါတယ်။

Source : 7DayDaily

Photos : MBT,Reuters

No comments:

Post a Comment