Latest News

Saturday, December 17, 2016

ရန်ကုန်-မန္တလေးလမ်းဟောင်းချဲ့ထွင်ရာတွင် မလွတ်ကင်းသည့် သက်တမ်းရင့်သစ်ပင်များကို ရှင်းလင်းဖယ်ရှားမည်

ရန်ကုန်-မန္တလေးလမ်းဟောင်းချဲ့ထွင်ရာတွင် မလွတ်ကင်းသည့် သက်တမ်းရင့်သစ်ပင်များကို ရှင်းလင်းဖယ်ရှားမည်

ရန်ကုန်-မန္တလေး လမ်းဟောင်းချဲ့ထွင်ရာတွင် မ လွတ်ကင်းသည့် သစ်ပင်များကိုဖယ်ရှားမည်ဖြစ်ပြီး နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ တစ်မြို့နယ်တည်း၌ပင် နှစ်ပေါင်း တစ်ရာကျော်သက်တမ်းရှိ သစ်ပင်တစ်ရာကျော် ဖယ်ရှားရမည် ဟု သတင်းရရှိသည်။

‘‘လမ်းချဲ့တာနဲ့ မလွတ်တာ ပေါ့။ အပင်တစ်ရာကျော်။ ဇေယျာသီရိတစ်ခုတည်း အပင်တစ်ရာ ကျော် လှဲရမယ်ဗျ’’ဟု ဇေယျာသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်ထွေးက ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်က ဇေယျာသီရိမြို့နယ်တွင် နေပြည်တော် စည်ပင် တာဝန်ရှိသူများနှင့်အုပ် ချုပ်ရေးအဖွဲ့များက လမ်းချဲ့ရာ၌ မလွတ်ကင်းသည့် သစ်ပင်များကို တိုင်းတာစစ်ဆေးခဲ့သည်။

လမ်းချဲ့ရာတွင် မလွတ်ကင်းသည့် သစ်ပင်များသည် အလုံးပတ် လည် ၁၅ ပေ၊ ၁၆ ပေခန့်ရှိပြီး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိပြီဟု ဦးသက်ထွေးက ဆိုသည်။

‘‘ဒီသစ်ပင်ကို လှဲဖို့အတွက် တော့ တင်ဒါခေါ်ယူမယ်လို့တော့ သိရတယ်။ တချို့သစ်ပင်တွေက အိမ်နဲ့တောင် မလွတ်ကင်းတာ တွေရှိတော့ ခုတ်တဲ့အခါမှာ နည်း ပညာတွေ၊ ဘာတွေလိုမယ်။ ရွာနဲ့ နီးတဲ့နေရာတွေဆိုရင် ခုတ်ရတာ နည်းနည်းခက်မယ်ဗျ’’ဟု ၎င်းက ပြောသည်။

နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိ သစ်ပင်များကိုမခုတ်ဘဲ လမ်းချဲ့နိုင်မည့် နည်းလမ်းရှာစေလိုကြောင်း ပျဉ်းမနားဒေသခံအချို့က ပြောသည်။

‘‘အရမ်းနှမြောဖို့ ကောင်း တာပေါ့။ နှစ်ပေါင်းကြာနေပြီ လေ။ အရိပ်လည်းရ လမ်းချဲ့ဖို့ မလွတ်ဘူးဆိုတော့ တတ်တော့ မတတ်နိုင်ဘူးလေ။ အစိုးရအနေ နဲ့ မခုတ်ရတဲ့ နည်းရှာပြီးတော့ လုပ်စေချင်တယ်’’ဟု အသက် (၆၀)အရွယ် ပျဉ်းမနားဒေသခံ တစ်ဦးက ပြောသည်။

‘‘ဒီသစ်ပင်တွေ ပြန်ဖြစ်ဖို့ဆို တာ နောင်နှစ်ပေါင်းများစွာပြန် စောင့်ရမှာ။ ရှိပြီးသားအပင်ကို မခုတ်ဘဲ ထိန်းသိမ်းတာပိုပြီးသင့် တော်မယ်ထင်တယ်လို့တော့မြင် တယ်’’ဟု နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး ဇော်ဦးက မှတ်ချက်ပြုပြောသည်။

ရန်ကုန်-မန္တလေးလမ်း ဟောင်းကို လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ရန် ဆောက်လုပ် ရေးဝန်ကြီးဌာနက အစိုးရသစ် ရက်တစ်ရာသတင်းစာရှင်းလင်း ပွဲ၌ သတင်းထုတ်ပြန်ထားသည်။

Sources 7Day

No comments:

Post a Comment