Latest News

Tuesday, December 6, 2016

ခုံရုံးဆိုင်ရာ စွပ်စဲပြစ်တင်မှုများကို စောင့်ဆိုင်းနေဟု သမ္မတ ပတ်ဂွမ်ဟေးဆို

ခုံရုံးဆိုင်ရာ စွပ်စဲပြစ်တင်မှုများကို စောင့်ဆိုင်းနေဟု သမ္မတ ပတ်ဂွမ်ဟေးဆို

စွပ်စွဲပြစ်တင်မှုကို စောင့်ဆိုင်းနေဟု တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေးပြောဆိုပြီး ဆုံးဖြတ်ချက်ကိုလည်း လက်ခံမည်ဟု ပြော ဆိုကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

သမ္မတ အနေဖြင့်စွပ်စွဲပြစ်တင်ခံရပါက တတ်စွမ်းသမျှ ကြိုးပမ်းဖြေရှင်း သွားမည်ဟု Saenuri ပါတီ၏ ခေါင်းဆောင်ဖြစ်သူ Chun Jin Suk နှင့် တွေ့ဆုံစဉ်ပြောဆိုကြောင်း လည်း ချန်ဂျင်စွတ်က သတင်းမီဒီယာများကို ပြောဆိုသည်။

ခုံရုံးဆိုင်ရာ စွပ်စွဲပြစ်တင်မှုများ ပြုလုပ်ပါက အချိန် ၆ လခန့် ယူရမည် ဟု အေအက်ဖ်ပီသတင်းက ဖော်ပြထားသည်။

“စွပ်စွဲပြစ်တင် မှု ဥပဒေကြမ်းက အောင်မြင်သွားတယ်ဆိုရင် တိုင်းပြည် ဆက်လက်တည်ငြိမ်ဖို့ ကျွန်မ တာဝန်ယူသွားမှာပါ” ဟု ပြောကြောင်း ချန်ဂျင်ဆွတ်က ပြောသည်။

သမ္မတ ပတ်ဂွမ်ဟေးနှုတ်ထွက်ပေးရန် လူထုသိန်းချီပါဝင်သည့် ဆန္ဒပြပွဲများ တောင်ကိုးရီးယားတွင် မကြာခဏ ဖြစ်ပွားနေသည်။
The Ladies News

No comments:

Post a Comment