Latest News

Tuesday, December 6, 2016

လူမျိုးတုံးသတ်ဖြတ်မှုဆိုသော စကားရပ်ကို လက်လွတ်စပယ်မသုံးသင့်ဟု ကိုဖီအာနန်ြေေပြော

လူမျိုးတုံးသတ်ဖြတ်မှုဆိုသော စကားရပ်ကို လက်လွတ်စပယ်မသုံးသင့်ဟု ကိုဖီအာနန် ပြော

လူမျိုးတုံသတ်ဖြတ်မှု (Genocide) ဟူသောစကားလုံးသည် ကြီးလေးသော စကားရပ်ဖြစ်သောကြောင့် လက်လွတ်စပယ် မသုံနူန်းသင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဌ ကိုဖီအားနန်က ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန် ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတိပေး ပြောကြားလိုက်သည်။

“လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ဒီဝေါဟာရကတော့ ပြင်းထန်တဲ့စကားလုံးဖြစ်ပါတယ်။ ဒီလို ဝေါဟာရတွေသည် ဥပဒေအရ ပြန်လည်သုံးသပ်ပြီးတော့ တရားစီရင်ရေးပိုင်းက သုံးသပ်ပြီးတော့မှ သုံးသင့်တဲ့ ဝေါဟာရဖြစ်ပါတယ်။ လက်လွတ်စပယ် အလွတ်သဘော လျှောက်ပြောသင့်တဲ့စကားလုံး မဟုတ်ဘူးလို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ကိုဖီအာနန်က ရခိုပြည်နယ်နှင့်ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် “ရခိုင်ဒေသက အသိုက်အ၀န်အသီးသီးကြား ပြန်လည်သင့်မြတ်ရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံသာစိစစ်ရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးမှုတွေကို အဓိကဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ပြည်နယ်ရဲ့ ယဉ်ကျေးမှု၊ ကြွယ်ဝလှတဲ့ ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်ဖို့နဲ့ စောင့်ရှောက်ဖို့ကိုလည်း ဆွေးနွေးဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
#NewsWatch

No comments:

Post a Comment