လေထုညစ်ညမ်းမှုထိန်းချုပ်သည့်အနေဖြင့် တရုတ်တွင် စက်ရုံ ၁၂၀၀ ပိတ်ရန်စေခိုင်း
========================================
ဒီဇင်ဘာ ၁၇
တရုတ်နိုင်ငံအစိုးရသည် လေထုညစ်ညမ်းမှု မြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး သတိပေးခဲ့ပြီးနောက် ပေကျင်းမြို့ရှိ စက်ရုံပေါင်း ၁၂၀၀ ကို ပိတ်ရန် သို့မဟုတ် ကုန်ထုတ်လုပ်မှု လျှော့ချရန် စေခိုင်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတ်မှတ်ပြီးနောက် စက်ရုံများပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံများသည် ဒီဇင်ဘာ ၁၈ ရက်အထိသာ အလုပ်လုပ်ရတော့မည်ဖြစ်သည်။ ကုန်ထုတ်မှု လျှော့ချရမည့် စက်ရုံများထဲတွင် Shougang Group စတီးလ်ထုတ်လုပ်ရေးလုပ်ငန်း၊ Cofco ခေါက်ဆွဲခြောက်နှင့် မုန့်ခြောက်ထုတ်လုပ်ရေးလုပ်ငန်းတို့ ပါဝင်ကြောင်း မြူနီစီပယ် အစိုးရထုတ်ပြန်ချက်တွင် ပါသည်။ လုပ်ငန်းပေါင်း ၇၀၀ သည်လည်း လည်ပတ်မှု ရပ်ဆိုင်းရမည်ဖြစ်သည်။
စတီးထုတ်လုပ်ရေးလုပ်ငန်းများဖြင့် ပြည့်နှက်နေသော တရုတ်နိုင်ငံ Hebei ပြည်နယ်ရှိ မြို့ပေါင်း ဆယ်မြို့တွင် လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားခဲ့ရသည်။ ကမ္ဘာ့စီးပွားရေး ဒုတိယအကြီးဆုံးဖြစ်သော တရတ်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများနှင့် ရင်ဆိုင်နေခဲ့ရသည်။
Ref;Reuters:Myanmar Review
Saturday, December 17, 2016
လေထုညစ်ညမ်းမှုထိန်းချုပ်သည့်အနေဖြင့် တရုတ်တွင် စက်ရုံ ၁၂၀၀ ပိတ်ရန်စေခိုင်း
လေထုညစ်ညမ်းမှုထိန်းချုပ်သည့်အနေဖြင့် တရုတ်တွင် စက်ရုံ ၁၂၀၀ ပိတ်ရန်စေခိုင်း
Reviewed by Ar Ti
on
12:31 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment