Latest News

Monday, December 26, 2016

အကယ်ဒမီကို ရင်မခုန်တဲ့ ခန့်စည်သူ

အကယ်ဒမီကို ရင်မခုန်တဲ့ ခန့်စည်သူ

မနှစ်ကတည်းက ရင်မခုန်တော့တာလို့ ဆိုပါတယ်။

အကယ်ဒမီပေးပွဲ နီးလာပြီ ဖြစ်ပေမယ့်လည်း ခန့်စည်သူကတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ရင်မခုန်တော့ဘူးလို့ ဆိုပါတယ်။ အကယ်ဒမီ ပေးပွဲတက်ဖြစ်မတက်ဖြစ်ကတော့ သေချာမပြောတတ်သေးပေမယ့် အကယ်ဒမီ ဆုအတွက် တော့ မနှစ်ကတည်းက ရင်မခုန်တော့တာလို့ သူက ပြောပါတယ်။

သူ့အတွက် ရင်မခုန်ပေမယ့်လည်း မျိုးဆက်သစ်တွေ များများရပါစေလို့ သူက ဆုတောင်းပေးလိုက်ပါတယ်။ ခန့်စည်သူဟာ ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေသလို "မေတ္တာသင်္ဂဟ" အဖွဲ့နှင့် အလှူအတန်းများလည်း လုပ်ဖြစ် နေပါတယ်။  လက်ရှိမှာတော့ ခန့်စည်သူက "ကိုကြီးကွီးတို့ရဲ့မာယာ" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူး နေတယ်လို့ လည်း သိရပါတယ်။

Source  : 8days Journal : duwun

Photo   : ခန့်စည်သူ ဖေ့စ်ဘွတ်
 

No comments:

Post a Comment