Latest News

Monday, December 26, 2016

အမြန်လမ်းတွင် ALPHARD မော်တော်ယာဉ် လမ်းယာဘက်ဘေးရှိ သဲများထည့် ထားသည့် တိုင်ကီ အာဝင်တိုက်

အမြန်လမ်းတွင် ALPHARD မော်တော်ယာဉ် လမ်းယာဘက်ဘေးရှိ သဲများထည့် ထားသည့် တိုင်ကီ အာဝင်တိုက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၃၅/၂ နှင့် ၃၃၅/၃ အကြား နေပြည်တော်ဘက်မှမန္တလေးဘက်သို့ယာဉ်မောင်း ကိုကိုနိုင် မောင်းနင်လာသော Alphard ယာဉ်သည် ယနေ့နံနက် ၆ နာရီ မိနစ် ၄၀ က လမ်းယာ ဘက်ဘေးရှိ သဲများထည့် ထားသော တိုင်ကီအား ၀င်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်မှာ အနည်းငယ်ပျက်စီးသွားခဲ့ပြီး ယာဉ်ပေါ်တွင်ယာဉ်မောင်း ပါရှစ်ဦးမှာဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ပေ။ သို့ပါ၍ ယာဉ်ကိုမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုကိုနိုင်အား စကားအင်း အမြန်လမ်းရဲတပ်ဖွဲ့မှ အမှုဖွင့်စစ်ဆေးလျှက် ရှိကြောင်းသိရသည်။

သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
Sources; MOI

No comments:

Post a Comment