Latest News

Monday, December 26, 2016

၂၀၁၆ က အကောင်း၊ အဆိုး ဒွန်တွဲတဲ့နှစ်လို့ ပြောတဲ့ နီနီခင်ဇော်

၂၀၁၆ က အကောင်း၊ အဆိုး ဒွန်တွဲတဲ့နှစ်လို့ ပြောတဲ့ နီနီခင်ဇော်

တစ်ကိုယ်တော်ဖျော်ဖြေ ပွဲကို ၂၀၁၇ နှစ်ဆန်းတွင် ပြုလုပ် ရန် စီစဉ်ထားသော်လည်း ခါးနာနေ၍ ဧပြီ ၁ ရက်သို့ ရွှေ့ပြောင်းလိုက်ကြောင်း    နီနီခင်ဇော်က ပြောကြားသည်။

‘‘နီနီ အကတိုက်ရင်း ခါးပြန် နာသွားတာ။ အဲဒီတော့ နည်း နည်းလန့်သွားတာ။ တစ်နေ့ကို အများကြီးတိုက်လို့မရဘူး။ တစ် ပုဒ်လောက်ပဲတိုက်ရပါတယ်။ လေးလပိုင်း ၁ ရက်နေ့ကို လုပ် ဖို့သေချာပါတယ်’’ဟု နီနီခင်ဇော် က ဆိုသည်။

အဆိုပါ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည် သူ့ရင်ပြင်၌ ပြုလုပ်မည်ဖြစ်ပြီး သီချင်း ၂၅ ပုဒ်ခန့် သီဆိုရန် စီစဉ် ထားကာ အကအဖွဲ့များနှင့် တင်ဆက်မှုများပါဝင်မည်ဖြစ်သကဲ့သို့ သံစုံတီးဝိုင်းနှင့် ဖျော်ဖြေမည့်အစီ အစဉ်များလည်း ပါဝင်မည်ဟု ၎င်းက ဆိုသည်။

‘‘နီနီ့အတွက်တော့ အတွေ့ အကြုံတွေ အများကြီးရတယ်။ ဘဝရဲ့ Turning Point နောက် ထပ်တစ်ခုပေါ့။ ဘဝမှာ လုပ်ချင် တဲ့ အိပ်မက်တွေကိုလည်း ပျော် ရွှင်စွာ အကောင်အထည်ဖော်ခွင့် ရခဲ့တယ်။ သို့ပေမဲ့လည်း မထင် မှတ်ထားတဲ့ အရာတွေလည်းဖြစ် တယ်။ ဘဝမှာ ကောင်းကျိုးဆိုး ကျိုး ဒွန်တွဲနေတဲ့ နှစ်ပေါ့။ ဒါပေမဲ့ အကောင်းဘက်ကို ပိုပြီးအားသာ လိုက်တယ်လို့ ထင်ပါတယ်’’ဟု ၂၀၁၆ ဖြတ်သန်းမှုကို ၎င်းက သုံးသပ်သည်။

တစ်ကိုယ်တော်အခွေသစ် စီစဉ်နေသော်လည်း ဖျော်ဖြေပွဲ ပြုလုပ်မည်ဖြစ်သောကြောင့် လတ်တလောတွင် ထွက်နိုင်ဦး မည်မဟုတ်ဘဲ Single Songအနေဖြင့်သာ ဖြန့်ချိရန် ရည်ရွယ် ထားကြောင်း ၎င်းက ဆိုသည်။

‘‘နီနီတို့က Moving For-ward ပါ။ ရှေ့ကိုပဲ ဆက်သွားနေ တယ်။ အကောင်းဆုံးကြိုးစားပြီး သွားနေမှာပါ။ သေချောပါတယ်။ ၂၀၁၇ မှာ ဒီထက်ပိုပြီးကောင်း မယ်လို့ ယုံကြည်တယ်။ အဲဒီစိတ် နဲ့ပဲ သွားနေမှာပါ’’ဟု နီနီခင်ဇော် က ပြောသည်။

နီနီခင်ဇော်သည် ပြီးခဲ့သော ရက်ပိုင်းက  ပြုလုပ်ခဲ့သည့် ရွှေ အက်ဖ်အမ် ဂီတဆုပေးပွဲ၌ ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် ရွှေအက်ဖ်အမ်  သို့ အတောင်းခံရဆုံး တေးသံရှင် ဆုကို ‘သစ္စာမပျက်ကြေး’ သီချင်း ဖြင့် ရရှိခဲ့ပြီး ၎င်း၏ အနုပညာ သက်တမ်း ခုနစ်နှစ်အတွင်း ၁၀ ဆုမြောက် ဂီတဆုဖြစ်သည်ဟု ၎င်းက ပြောသည်။ ထို့အပြင် Super Red အမှတ်တံဆိပ်အဖြစ် ၂၀၁၇ အ တွင်း၌ အခြားပစ္စည်းများ ထုတ်လုပ်ရန် အစီအစဉ်ရှိပြီး အောက် တိုဘာအတွင်း ဖြန့်ချိထားသည့် Super Red နှုတ်ခမ်းနီသည် ပရိသတ်အားပေးမှုရနေကာ ဒုတိယ အသုတ် ထုတ်လုပ်ထားသည့်ပစ္စည်းများကုန်သွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

Sources; 7Day

No comments:

Post a Comment