Latest News

Wednesday, December 14, 2016

ကမ္ဘာ့အမျိုးသမီး ညီလာခံအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဗီဒီယိုကနေ မိန့်ခွန်းပြော

ကမ္ဘာ့အမျိုးသမီး ညီလာခံအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဗီဒီယိုကနေ မိန့်ခွန်းပြော

အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေနဲ့ ခွဲခြားဆက်ဆံတာတွေ ခံစားနေရဆဲပဲလို့ ဆိုပါတယ်။
     
ဂျပန်နိုင်ငံမှာ ကျင်းပခဲ့နေတဲ့ ၂၀၁၆ ခုနှစ် ကမ္ဘာ့အမျိုးသမီးများညီလာခံအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကနေတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပြီး ကမ္ဘာတ၀န်းမှာ အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ကဏ္ဍတွေမှာ တိုးတက်မှုရှိလာပေမယ့်  ကျား၊ မ ခွဲခြားဆက်ဆံခံရတာနဲ့  အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေ ရှိနေဆဲပဲလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတိုင်း၊ အမျိုးသမီးတိုင်းက အောင်မြင်တဲ့ဘဝကို ဖန်တီးနိုင်စွမ်းရှိပြီး  နိုင်ငံရေးမှာသာမက ကဏ္ဍအားလုံးမှာ အမျိုးသမီးတွေအားလုံးပါဝင်ဖို့ အတူတကွ လုပ်ဆောင်ရမယ်လို့လည်း ပြောခဲ့ပါတယ်။

ကမ္ဘာ့အမျိုးသမီးညီလာခံ “World Assembly for Women (WAW!)2016” ကို ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၄ ရက်ထိ တိုကျိုမြို့တော်မှာ ကျင်းပနေတာဖြစ်ပြီး ကမ္ဘာတဝန်းက အမျိုးသမီးခေါင်းဆောင်တွေ၊  အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေ ပါဝင်တက်ရောက်နေတယ်လို့ သိရပါတယ်။

Source : MOI,DVB

Video : MOFA

No comments:

Post a Comment