Latest News

Tuesday, December 20, 2016

အိမ်မှာ ဆေးခြောက်ပင် စိုက်ပျိုးရောင်းချနေသူကို ဖမ်းဆီး

အိမ်မှာ ဆေးခြောက်ပင် စိုက်ပျိုးရောင်းချနေသူကို ဖမ်းဆီး

နေအိမ်အနောက်ဘက်ခြံစည်ရိုးမှာ ဆေးခြောက်ပင်လို့ယူဆရတဲ့ အပင်တွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
 
သရက်မြို့နယ်က နေအိမ်ခြံဝင်းတစ်ခုအတွင်း ဆေးခြောက်ပင်လို့ ယူဆရတဲ့ အပင်တွေနဲ့  ခူးဆွတ်ထားတဲ့ အရွက်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သရက်မြို့နယ် ဆင်သေ ကျေးရွာအုပ်စု၊ မြင်ဘာကျေးရွာရှိ နေအိမ်တစ်အိမ်ကို သရက်မြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတွေနဲ့ ဒေသအာဏာပိုင်တွေက ၀င်ရောက်ရှာဖွေခဲ့တာဖြစ်ပြီး  နေအိမ်အပေါ်ထပ်မှာ ဆေးခြောက်လို့ ယူဆရတဲ့  အရွက်နှစ်ပိဿာ ၁၀ ကျပ်သားနဲ့ နေအိမ်အနောက်ဘက်ခြံစည်ရိုးမှာ ဆေးခြောက်ပင်လို့ယူဆရတဲ့ အပင်တွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

နေအိမ်အတွင်း အိမ်ရှင်ဖြစ်သူ အမျိုးသားနဲ့အတူ အောင်လံမြို့ ဇေယျဝတီရပ်ကွက်နေ အမျိုးသားတစ်ဦးကို တွေ့ရှိတာကြောင့် သူ့ရဲ့နေအိမ်ကို  ထပ်မံရှာဖွေခဲ့ရာမှာ ဆေးခြောက်လို့ ယူဆရတဲ့ အရွက်ခြောက် (၄၀) ကျပ်သား ထပ်မံဖမ်းဆီးရမိတယ်လို့လည်း သိရပါတယ်။

 ဆေးခြောက်လို့ ယူဆရတဲ့ အပင်တွေ စိုက်ပျိုးရောင်းချနေသူ သရက်မြို့နယ် မြင်ဘာကျေးရွာနေ လှဌေးကြီးနဲ့ အောင်လံမြို့နယ် ဇေယျဝတီရပ်ကွက်နေ မင်းဟန်တို့ကို သရက်မြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

Photos & Source: 7Day Daily, သရက်ရဲတပ်ဖွဲ့
 

No comments:

Post a Comment