Latest News

Tuesday, December 20, 2016

မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေပေါင်း ၉၀၀ ကျော်ရှိ


မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေပေါင်း ၉၀၀ ကျော်ရှိ

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ တည်ဆဲဥပဒေပေါင်း ၉၀၀ ကျော်ရှိပြီး ၂၀၀ ကျော်ကတော့ မကျင့်သုံးဘူးလို့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာပြည် လွတ်လပ်ရေးမရခင်ကနေ ၂၀၁၆ နိုဝင်ဘာ ၂၂ ရက်ထိ ဥပဒေပေါင်း ၁၆၀၃ ခု ပြဋ္ဌာန်းခဲ့ပြီး ၆၈၇ ခုကတော့ ရုပ်သိမ်းပြီး ဖြစ်ပါတယ်။ တည်ဆဲဥပဒေက ၉၁၆ ခုရှိပြီး မကျင့်သုံးတဲ့ ဥပဒေကတော့ ၂၃၂ ခု ရှိပါတယ်။

ကော်မရှင်အဖွဲ့ဝင် ဦးဝင်းသန်းက “၁၉၇၃ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေလိုမျိုး၊ ပြီးတော့ အဆောက်အအုံ တခုချင်းစီအလိုက် ပြည်သူပိုင်ပြုလုပ်ရေး၊ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေတွေပေါ့” လို့ ပြောပါတယ်။

ကာလအလိုက် အများဆုံး ပြဋ္ဌာန်းခဲ့တာကတော့ လွတ်လပ်ရေးမရခင်ကနေ ၁၉၅၄ ခုနှစ်အထိဖြစ်ပြီး ဥပဒေပေါင်း ၄၃၅ ခု ပြဋ္ဌာန်းပါတယ်။ ဒီထဲမှာ ၉ ခုကိုတော့ မကျင့်သုံးဘဲ ၁၆၇ ခုက မူရင်းအတိုင်း ရှိနေပါသေးတယ်။

လွှတ်တော်တွေ ပြန်စတဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ နိုဝင်ဘာ ၂၂ ရက်နေ့ထိကတော့ ဥပဒေပေါင်း ၂၄၇ ခု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

Sources ; DVB

No comments:

Post a Comment