သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရအဖွဲ့ဝန်ကြီးများကို မြေကွက်ချထားပေးခြင်းမရှိကြောင်း နေပြည်တော်စည်ပင်တာဝန်ရှိသူပြော
အစိုးရသစ်လက် ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအ၀င် နိုင်ငံတော်သမ္မတ နှင့် မည်သည့်ဝန်ကြီးကိုမျှ မြေကွက် ချထားပေးခြင်းမရှိသေးကြောင်း နေ ပြည်တော် စည်ပင်သာယာရေးကော် မတီဝင် ဦးမင်းသူက ပြောသည်။
ဦးသိန်းစိန်အစိုးရ လက်ထက် က ၀န်ကြီးဌာနများအား မြေကွက်များ ချထားပေးရာ၌ အောက်ခြေ၀န်ထမ်း ထက် ၀န်ကြီးအဆင့်နှင့် အရာရှိကြီး များကိုသာ အဓိကချထားပေးခဲ့ ကြောင်း ဦးမင်းသူက ဆိုသည်။
‘‘အရင်တုန်းကဆို နိုင်ငံတော် တာဝန်ထမ်းဆောင်တဲ့ အရာရှိ ကြီးတွေကို အိမ်ရာအထူးကွက် တွေအနေနဲ့ ပေးခဲ့တယ်။ အထူး သဖြင့် စစ်ဘက်၊ နယ်ဘက်က အရာ ရှိကြီးတွေက ပိုတောင်းတယ်။ ခု သတ်မှတ်ချက်ကတော့ အခြေခံ ၀န်ထမ်းတွေကို ဦးစားပေးမယ်။ အခြေခံဝန်ထမ်းတွေမှာ အမှန်တ ကယ်နေထိုင်ဖို့ အခက်အခဲဖြစ်နေတဲ့ ၀န်ထမ်းတွေကို ပိုဦးစားပေးမယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် အငြိမ်းစားယူမည့် ပင်စင်စားများအတွက် မြေကွက် များချထားပေးရန် စီစဉ်ဆောင်ရွက် နေပြီး နေပြည်တော်တွင် အမှန်တ ကယ်နေထိုင်မည့်သူများသာ ဦးစား ပေးရွေးချယ်ချထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အငြိမ်းစား ယူပြီးသူများနှင့် အငြိမ်းစား ယူမည့်သူများအတွက် ယခင်အစိုးရလက်ထက်က ဖော် ထုတ်ခဲ့သည့် လက်ကျန်မြေကွက်များ အပေါ်တွင်သာ နေရာချထားရန် စိ စစ်ဆောင်ရွက်နေခြင်းဖြစ်သည်။
‘‘အချိန်ကာလကတော့ မူဝါဒမ ကျသေးတဲ့အတွက် ပြောလို့မရသေး ဘူး။‘‘အချိန်ကာလကတော့ မူဝါ ဒမကျသေးတဲ့အတွက် ပြောလို့မ ရသေးဘူး။ နေပြည်တော်မှာ အ မှန်တကယ်နေထိုင်နိုင်မယ့်၊ အ ငြိမ်းစားယူတော့မယ့် ၀န်ထမ်း တွေနဲ့ အခြားတစ်နေရာကနေ လုံးဝရရှိခြင်းမရှိသေးတဲ့ ၀န်ထမ်း တွေအတွက်ကို စိစစ်ပြီးတော့မှ မြေကွက်တွေကို သက်သာအောင် ပြန်လည်ချထားပေးဖို့ အစီအစဉ် တော့ရှိတယ်။ ချထားပေးမယ့် မြေတွေကတော့ သူတို့ (ယခင်အ စိုးရ) ဖော်ထုတ်ထားပြီးတဲ့ မြေ ကွက်လက်ကျန်တွေအပေါ်မှာပဲ ဆုံးဖြတ်ရမှာ။ သီးခြားကြီးအ ကွက်ဖော်ပြီးတော့မှ လုပ်တာမျိုး မရှိသေးဘူး’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။
ယခင်အစိုးရလက်ထက်က ၀န်ကြီးဌာနများအလိုက် အငြိမ်း စားဝန်ထမ်းများအတွက် မြေကွက်များချထားပေးမှုရှိခဲ့သော် လည်း ၀န်ကြီးဌာနများ၏ မူဝါဒအပြောင်းအလဲများကြောင့် အပြည့်အ၀ရရှိခဲ့ခြင်းမရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ အငြိမ်းစား ၀န်ထမ်းအချို့က ပြောသည်။
‘‘ပင်စင်ယူထားတာ တစ်နှစ် ပြည့်ပြီပေါ့။ ပင်စင်မယူခင်မှာ LPR (Large Pay Retirer) ဆို တာ လေးလခံစားရတယ်လေ။ အဲဒီကတည်းက တင်ရတာ။ LPR ပေးတဲ့ပုံစံတွေနဲ့တင်ရတာ။ နောက်အစိုးရမတက်ခင် နှစ်လ လောက်အလိုမှာ ဗိုလ်မှူးတစ် ယောက်နဲ့အတူတင်တာ။ သူတို့ ကတော့ ကျသွားတယ်။ အန်တီ တို့ကတော့ နောက်အစိုးရကျမှ ပြန်စိစစ်ပေးမယ်လို့ ကြားတယ်။ အရင်တင်ထားတာတော့ရှိတယ်။ အခုထိတော့ ဘာမှမကြားသေး ဘူး။ အန်တီတို့လိုပဲ မရကြတဲ့ ၀န် ထမ်းတွေ အရာရှိတွေလည်း အ များကြီးပဲ’’ဟု စိုက်ပျိုးရေးဝန်ကြီး ဌာနမှ အငြိမ်းစားဝန်ထမ်းတစ်ဦး က ပြောသည်။
၎င်းတို့အနေဖြင့် နှစ်ဦးစလုံး မှာ လခစားဝန်ထမ်းဖြစ်၍ လက် ရှိပင်စင်ယူပြီး နေရာအခက်ဖြစ် နေသည့်အတွက် ယခင်တာဝန် ထမ်းဆောင်ခဲ့သည့် ၀န်ထမ်းလိုင်း ခန်းတွင်သာ ခေတ္တပြောဆိုနေ ထိုင်နေရကြောင်း အဆိုပါအငြိမ်း စားဝန်ထမ်းက ဆိုသည်။
မြေကွက်များချထားပေးရန် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ စီစဉ်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်ထွဋ်သို့ ဆက်သွယ်မေးမြန်း ရာ ညွှန်ကြားချက် တစ်စုံတစ်ရာ မရှိသေးကြောင်း ၎င်းက ပြော သည်။
ယခင်အစိုးရလက်ထက်က ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့ နယ်၊ ဒက္ခိဏသီရိမြို့နယ်များတွင် အိမ်ရာမြေကွက်များ ဖော်ထုတ်ချ ထားပေးခဲ့ပြီး ဥတ္တရသီရိမြို့နယ် အတွင်း မြေကွက်များကို ၀န်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများ အား အများဆုံးချထားပေးခဲ့သည်။
7Day
Wednesday, December 14, 2016
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရအဖွဲ့ဝန်ကြီးများကို မြေကွက်ချထားပေးခြင်းမရှိကြောင်း နေပြည်တော်စည်ပင်တာဝန်ရှိသူပြော
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရအဖွဲ့ဝန်ကြီးများကို မြေကွက်ချထားပေးခြင်းမရှိကြောင်း နေပြည်တော်စည်ပင်တာဝန်ရှိသူပြော
Reviewed by Ar Ti
on
4:35 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment