Latest News

Thursday, December 29, 2016

အိမ်ရာအိပ်မက်

အိမ်ရာအိပ်မက်

ဓာတ်ပုံတစ်ပုံ။ အထပ်မြင့် တိုက်ခန်းတွေ အစီအရီခင်းကျင်း ထားတဲ့ ပုံစံငယ်ဒီဇိုင်းရဲ့ နောက်မှာမတ်တတ်ရပ်ပြီး ပုံစံငယ်ကို စိတ်ဝင်တစားစိုက်ကြည့်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တွေ့လိုက်ရတယ်။

နိုင်ငံရေး အခမ်းအနားတွေ ကိုသာ အဓိကထားတက်ရောက် လေ့ရှိပြီး တခြားသော အခမ်းအ နားများကို တက်ရောက်ခဲလှတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကို အဲဒီလိုတွေ့လိုက်ရတော့ စိတ် ဝင်စားသွားခဲ့တယ်။ ‘ရတနာနှင်း ဆီအဆင့်မြင့်အိမ်ရာဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ခြင်း’ဆိုတဲ့ စာကိုလည်း ရန်ကုန်တိုင်းဝန်ကြီး ချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထား တာကို အဲဒီဓာတ်ပုံနဲ့အတူ တွေ့ ရတယ်။ အိမ်ရာထဲကို လှည့်လည် ကြည့်ရှုနေတဲ့ပုံတွေလည်း ထပ် တွေ့ရတယ်။ ဒီလိုနဲ့ ရတနာနှင်း ဆီ အဆင့်မြင့်အိမ်ရာအကြောင်း ကို ဆက်ပြီး လေ့လာကြည့်မိ တယ်။

ဖွင့်ပွဲအခမ်းအနားလုပ်တဲ့ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ ဟာ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း မြို့နယ် ရတနာနဲ့ ဧရာဝဏ်လမ်းမ ကြီးဘေးနှစ်ဖက်မှာ တည်ဆောက် နေတဲ့ ရတနာနဲ့ ဧရာဝဏ်အိမ်ရာ စီမံကိန်းထဲက အစိတ်အပိုင်းတစ် ခုဖြစ်ကြောင်း၊ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၃ ခုနှစ် ဇွန်လ ၁ ရက်က စတင်ဆောင်ရွက်ခဲ့ ကြောင်း၊ အခန်းတစ်ခန်းကို စတု ရန်းပေ ၆၀၀ ကနေ ၁,၂၀၀ အထိ ရှိပြီး အခန်းစုစုပေါင်း ၁,၃၈၀ ပါဝင်ကြောင်း၊ စတုရန်းပေ ၆၀၀ ရှိ အခန်းကို ငွေကျပ်သိန်း ၆၀၀၊ စတုရန်းပေ ၁,၂၀၀ ရှိ အခန်းကို ငွေကျပ်သိန်း ၁,၂၀၀ ရှိကြောင်း၊ တိုက်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းပြီး ကျန် ၇၀ ရာခိုင်နှုန်းကို လစဉ်အရစ်ကျစနစ်နဲ့ ၁၅ နှစ်အထိ ပေးသွင်းဝယ်ယူနိုင် ကြောင်း၊ နိုင်ငံတော်နဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီတို့ ပူး ပေါင်းတည်ဆောက်တာဖြစ် ကြောင်းတို့ကို သတင်းတွေကနေ တစ်ဆင့် သိခွင့်ရခဲ့တယ်။

ဒီလိုသိခွင့်ရခဲ့တော့ ဆက်ပြီး တွေးချင်မိလာတာတွေရှိလာပြန် တယ်။ ဒီလောက် တန်ဖိုးမြင့်အိမ် ရာတွေကို ဘယ်လိုလူတန်းစား တွေအတွက် ရည်ရွယ်တည် ဆောက်ခဲ့သလဲ၊ ဘယ်လိုစီမံမှု တွေနဲ့ ဆောင်ရွက်ခဲ့သလဲ။ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ် တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ တာကကော ဘယ်လိုထူးခြားမှု တွေ ရှိနေလို့လဲဆိုတဲ့ မေးခွန်းတွေ တန်းစီထွက်လာခဲ့ပါတယ်။

‘‘တန်ဖိုးမြင့်အိမ်ရာတွေက ရရှိတဲ့ ဝင်ငွေတွေကနေ တန်ဖိုး နည်းအိမ်ရာတွေမှာသုံးဖို့၊ ဘဏ္ဍာ ငွေတစ်ခုအနေနဲ့ စီမံဖို့လုပ်ဆောင်သွားမှာပါ’’

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ တာဖြစ်ပါတယ်။ ဒီစကားတွေအ ရဆိုရင်တော့ အခြေခံလူထု၊ လူ တန်းစားတို့ လက်လှမ်းမီနိုင်မယ့် တန်ဖိုးနည်းအိမ်ရာတွေ အကောင် အထည်ဖော်နိုင်ဖို့အတွက် ရတနာနှင်းဆီအိမ်ရာဟာ လူလတ်တန်း စားတွေကို ပစ်မှတ်ထား တည် ဆောက်ခဲ့တဲ့ အိမ်ရာစီမံကိန်းလို့ နားလည်ရပါတယ်။ တစ်နည်း အားဖြင့်တော့ ရန်ကုန်မြို့တွင်းမှာ အိုးမပိုင်၊ အိမ်မပိုင်နဲ့ သူများအိမ် မှာ ငှားရမ်းနေ၊ မှီခိုနေတဲ့ အခြေ ခံ လူထုအတွက် ရည်ရွယ်တာ မဟုတ်သေးဘူးလို့ ဆိုလိုရင်းဖြစ် ပါတယ်။

 အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ ခုနှစ်အထိ အိမ်ရာ ဖွံ့ဖြိုးမှု ငါးနှစ်စီမံကိန်းရေးဆွဲထား ပြီး စုစုပေါင်း အိမ်ရာ ၁ ဒသမ ၈ သိန်းအထိ အကောင်အထည် ဖော်တည်ဆောက်နိုင်မယ်မျှော် မှန်းထားကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၌ ၂၀၁၆-၁၇ မှ ၂၀၁၇-၁၈ ခုနှစ်အထိ ၂ နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၈,၀၀၀ကို ဦးစားပေးဆောက်လုပ်သွားဖို့ စီစဉ်ထားပြီး တန်ဖိုးနည်းအိမ်ရာ ကို အိမ်ခန်းတစ်ယူနစ် ကျပ်သိန်း တစ်ရာနဲ့ ရောင်းချပေးနိုင်ဖို့ စီမံ ကိန်းကုန်ကျစရိတ်ကို တန်ဖိုးမြင့် စီမံကိန်းမှ တန်ဖိုးနည်းစီမံကိန်းသို့ စိုက်ထုတ်ကျခံပေးတဲ့နည်းလမ်း (Cross Subsidy) နဲ့ ကျခံဆောင် ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဲ ဒီဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။

တစ်ခန်းကို ကျပ်သိန်း ၆၀၀၊ကျပ်သိန်း ၁,၂၀၀၊ ကနဦး ၃၀ ရာခိုင်နှုန်းသွင်း၊ ၁၅ နှစ်အရစ်ကျ၊ ငါးနှစ်အတွင်း အိမ်ရာစုစုပေါင်း ၁ ဒသမ ၈ သိန်း၊ ၂ နှစ်အတွင်း အခန်းပေါင်း ၈,၀၀၀ ဆိုတဲ့ ကိန်း ဂဏန်းတွေက စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ရပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူ ဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ရန်ကုန်မှာ အိမ်ထောင်စုအရေအတွက် စုစု ပေါင်း ၁,၅၈၂,၉၄၄ ရှိပြီး အိမ်ပိုင် ဆိုင်တဲ့ အိမ်ထောင်စု (ပိုင်ရှင်)က ၁,၀၂၀,၇၇၈၊ အိမ်ငှား ၃၈၇,၈၅၃၊အခမဲ့ (မိဘ၊ ယောက္ခမ၊ ဆွေမျိုး၊ မိတ်ဆွေတို့ထံ နေထိုင်) ၅၃,၈၅၆၊အစိုးရဝန်ထမ်းအိမ်ရာ ၇၇,၃၃၃၊ ပုဂ္ဂလိက ဝန်ထမ်းအိမ်ရာ ၂၀,၂၈၈၊အခြား ၂၂,၈၃၆ တို့ ဖြစ်ပါတယ်။

 ရန်ကုန်တိုင်း ဒေသကြီးရဲ့ လူဦးရေဟာ ၁၉၇၃ ခုနှစ် သန်း ခေါင်စာရင်းမှာ ၃,၁၉၀,၃၅၉ ဦး၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှာ ၃,၉၆၅,၉၁၆ ဦးရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ၇,၃၆၀,၇၀၃ ဦးဖြစ်လာ ကြောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်းနဲ့ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းကြားကာလမှာ ရန်ကုန် တိုင်းဒေသကြီးဟာ လူဦးရေ ၈၅ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရတယ်လို့ သန်းခေါင်စာရင်း က ဆိုထားပါတယ်။ နှစ် ၃၀ အ တွင်းမှာ လူဦးရေဟာ ရာနှုန်းပြည့် နီးပါး တိုးလာတာကို ပြဆိုနေပါ တယ်။

လူဦးရေ သိပ်သည်းဆကို ကြည့်မယ်ဆိုရင်လည်း ၁၉၇၃ ခုနှစ်မှာ တစ်စတုရန်းကီလိုမီတာ ကို ၃၁၀ ဦး၊ ၁၉၈၃ ခုနှစ်မှာ တစ် စတုရန်းကီလိုမီတာကို ၃၈၇ ဦးရှိ ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ၇၁၆ ဦးသို့ တိုးမြင့်လာကြောင်း၊ တစ်စတုရန်းကီလိုမီတာမှာ ၇၆ ဦးသာရှိတဲ့ မြန်မာနိုင်ငံ လူဦးရေသိပ်သည်းဆ နဲ့ နှိုင်းယှဉ်ရင် ကိုးဆခန့်မြင့်မား တာကို တွေ့ရကြောင်း သန်းခေါင်စာရင်းက ဆိုပါတယ်။

အခုဖော်ပြတဲ့ ကိန်းဂဏန်း များဟာ ငြီးငွေ့ဖွယ် အချက်အ လက်များ ဖြစ်နေပေမယ့် ကျွန် တော်တို့ရဲ့ အနာဂတ်ဘဝတွေကို ဟောကိန်းထုတ်နေတဲ့ ကိန်း ဂဏန်း၊ ကြိုတင်ပြင်ဆင်မှုတွေပြု ဖို့ သတိပေးနေတဲ့ ကိန်းဂဏန်း၊ ချင့်ချိန်တွက်ဆနိုင်မယ့် ကိန်း ဂဏန်းများဖြစ်လို့ လျစ်လျူရှုထား လို့တော့ မရတဲ့အရာများဖြစ်ပါ တယ်။

 ဒီကိန်းဂဏန်း အချက်အ လက်များအရ ရန်ကုန်မှာ အိမ်ပိုင် ဆိုင်သူဟာ အိမ်ထောင်စုအားဖြင့် ၁,၀၂၀,၇၇၈ ရှိပြီး အိမ်မပိုင် သူဟာ အိမ်ထောင်စုအားဖြင့် ၅၆၂,၁၆၆ ရှိပါတယ်။ အဲဒီအထဲ က အစိုးရနဲ့ ပုဂ္ဂလိကဝန်ထမ်းအိမ် ရာတွေမှာရှိတဲ့ အိမ်ထောင်စုတွေ ကို ထုတ်နုတ်ပြီး အိမ်ငှား၊ မှီခိုနေ ထိုင်သူ (အခမဲ့)နဲ့ အခြားတို့ရဲ့ အရေအတွက်ကိုပဲ ကြည့်မယ်ဆိုရင် အိမ်ထောင်စုအားဖြင့် ၄၆၄,၅၄၅ ရှိပါတယ်။

 ဆောက်လုပ်ရေးဝန်ကြီး ပြောခဲ့တဲ့ ငါးနှစ်အတွင်း ဖော် ဆောင်မယ့် အိမ်ရာစီမံကိန်းက ၁ ဒသမ ၈ သိန်း။ ရန်ကုန်မှာ ၂ နှစ်အတွင်း ဦးစားပေးဖော်နိုင်မှာ က ၈,၀၀၀ ဆိုတော့ လက်ရှိ ရန် ကုန်လူထုကြုံတွေ့နေရတဲ့ အိမ် ရာလိုအပ်ချက်ကို ထိရောက်တဲ့ ကုစားမှုပြုပေးနိုင်မယ့် ပမာဏ တစ်ရပ်တော့ မဟုတ်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထပ်ပြီးသတိပြုဖို့လိုလာတာက နှစ်စဉ်တိုးပွားလာနေတဲ့ လူဦးရေ ပဲဖြစ်ပါတယ်။

‘လူဦးရေများပြား၍ ဖြစ်ပေါ် လာနိုင်သည့် အလုပ်လက်မဲ့ ပြ ဿနာ၊ အိမ်ရာပြဿနာ၊ ပတ်ဝန်း ကျင် သန့်ရှင်းမှုပြဿနာ၊ လူဦးရေလူထပ်မှု၊ အကြမ်းဖက်မှုများ နှင့် အထွေထွေဒုစရိုက်မှုများ၊ လေထုညစ်ညမ်းမှု၊ သယ်ယူပို့ဆောင် ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင် ရာ ပြဿနာများအတွက် မူဝါဒ များ၊ ဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ် များ အရေးပေါ်ချမှတ်ရန်လိုအပ် ကြောင်း တွေ့ရှိရပါသည်’ဆိုပြီး ရန်ကုန်မြို့ လူဦးရေသိပ်သည်းမှု၊ တိုးပွားမှုတွေကနေ ဖြစ်ပေါ်လာ နိုင်မယ့် ဆိုးကျိုးများနဲ့ယှဉ်ပြီး အ ရေးပေါ်သတိပေးချက်တစ်ခုကို လည်း သန်းခေါင်စာရင်းထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ သတိချပ်ကြရမှာ ဖြစ်ပါတယ်။

မိမိတို့ ပတ်ဝန်းကျင်ကို လေ့ လာကြည့်မယ်ဆိုရင် အိမ်ပိုင်ဆိုင် သူထက် အိမ်ငှားနေထိုင်သူ၊ မှီခို နေထိုင်သူ အများစုရှိနေတာ တွေ့ရပါတယ်။ အိမ်ငှားရမ်းခစရိတ် ကုန်ကျမှုနဲ့ပတ်သက်ပြီး တစ်နှစ် တစ်ခါ၊ ခြောက်လတစ်ခါဆိုသလို ညည်းတွားကြတဲ့ မိတ်ဆွေ၊ သူ ငယ်ချင်းများရဲ့ အသံတွေကို လည်း အမြဲဆိုသလို ကြားသိနေရ ပါတယ်။ ဒီကနေ့ကာလ ဝင်ငွေ၊ ထွက်ငွေနဲ့ ယှဉ်ကြည့်ရင် အိမ်ငှား စရိတ်ဟာ ညည်းတွားချင်စရာဖြစ် ပါတယ်။ ကျွန်တော်ကိုယ်တိုင် လည်း အိမ်မပိုင်၊ အိုးမပိုင်သေးပါ ဘူး။ သန်းခေါင်စာရင်းထဲက အခ မဲ့ (မိဘ၊ ယောက္ခမ၊ ဆွေမျိုး၊ မိတ်ဆွေ)ဆိုတဲ့ ကဏ္ဍမှာ ပါဝင်နေသူ တစ်ဦးသာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပဲ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ ပါတယ်။ အဲဒါကတော့ ရန်ကုန် တိုင်းအစိုးရအဖွဲ့သစ် ဖွဲ့စည်းပြီး မကြာမီမှာပဲ စာရင်းကောက်ယူ သွားမယ်လို့ဆိုခဲ့တဲ့ ကျူးကျော်နေ ထိုင်သူများစာရင်းကို စတင် ကောက်ယူလာခဲ့တဲ့ သတင်းဖြစ် ပါတယ်။ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှာ ဒီဇင်ဘာ ၁၂ ရက်က စတင် ကောက်ယူခဲ့တာဖြစ်ပြီး ခရိုင်လေးခရိုင်က မြို့နယ် ၁၂ မြို့နယ်ကို ဆက်လက်ကောက်ယူ သွားမယ်လို့လည်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခုမှာ ကျူးကျော်နေထိုင် သူ လေးသိန်းကျော်ရှိမယ်လို့ ခန့် မှန်းထားကြောင်းလည်း ဆဲဗင်းဒေးသတင်းမှာ ဖတ်လိုက်ရပါတယ်။ ကျူးကျော်အရေးဟာလည်း ရန်ကုန်အတွက် မဖြစ်မနေ အဖြေရှာ ပေးရမယ့် ပုစ္ဆာတစ်ပုဒ် ဖြစ်ပါတယ်။

 အချုပ်အားဖြင့်ဆိုရရင် တော့ ဒီကနေ့ ရန်ကုန်မှာ ကိုယ် ပိုင်အိမ်၊ ကိုယ်ပိုင်တိုက်ခန်းမရှိ၊ ငှားရမ်း မှီခိုနေထိုင်ရတဲ့ အိမ် ထောင်စုပေါင်း ငါးသိန်းကျော်ရှိ နေပါတယ်။ အဲဒီအိမ်ထောင်စု အားလုံးထံမှာ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်တိုက်ခန်းဆိုတဲ့ မျှော် လင့်ချက်အိပ်မက်ကိုယ်စီရှိနေ သလားဆိုတာ မေးစရာမလိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီအတွက် တော့ ရတနာနှင်းဆီလို အဆင့် မြင့်အိမ်ရာစီမံကိန်းများမှသည် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ များဆီ အရှိန်အဟုန်မြှင့်ဖော် ဆောင်လာနိုင်ပြီး အိမ်ရာလိုအပ် ချက်ရှိနေတဲ့ အိုးမပိုင်၊ အိမ်မပိုင် အခြေခံလူထုတို့ အိမ်ရာအိပ်မက် တွေ မနှေးအမြန်မက်ခွင့်သာစေ ကြောင်းပါ။။

Sources; 7Day

No comments:

Post a Comment