Latest News

Thursday, December 22, 2016

ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့မှုကို ကာကွယ်ဖို့ စားသင့်တဲ့ အစားအစာ (၅) မျိုး


ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့မှုကို ကာကွယ်ဖို့ စားသင့်တဲ့ အစားအစာ (၅) မျိုး





ကန်းစွန်းဥလည်း စားပေးသင့်ပါတယ်။
 

၁ - သလဲသီး

ဆောင်းတွင်းမှာ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေကို ပိုမိုစားသုံးပေးရမှာ ဖြစ်ပါတယ်။ သလဲသီးဟာ နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားပျက်စီးမှုကို ကာကွယ်ပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ collagen ပျက်စီးပြီး အရေပြားတွန့်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။

၂ - ကန်စွန်းဥ

ဗီတာမင် အေနဲ့ beta-carotene အပြင် အသားအရေကို ကာကွယ်ပေးတဲ့ အဟာရဓာတ်တွေ ကန်စွန်းဥမှာ အမြောက်အများ ပါဝင်ပါတယ်။ အသားအရေကို အစိုဓာတ်ရစေပြီး အရေပြားဆဲလ်တွေ ပြန်လည်ဖွံ့ဖြိုးဖို့လည်း ကူညီပေးပါတယ်။

၃ - ကိုက်လန်

နေ့စဉ် ကိုက်လန်ရွက် အနည်းငယ်စားပေးခြင်းကြောင့် အရေပြားတွေ ပြန်လည်ဖြစ်ထွန်းစေမယ့် ဗီတာမင်အေနဲ့ ဗီတာမင်စီ ရရှိပါတယ်။ ဗီတာမင်စီ အမြောက်အများစားပေးခြင်းဟာ အသားအရေတွန့်တာတွေနဲ့ အသားအရေခြောက်တာတွေကို လျော့နည်းစေပါတယ်။

၎ - ကြက်ဥ

ကြက်ဥမှာ ဗီတာမင် A၊ E အပြင် ဗီတာမင် B5 လည်းပါဝင်ပါတယ်။ ကျန်းမာတဲ့ အသားအရေကို ရရှိစေပြီး ခန္ဓာကိုယ်ကိုလည်း များစွာ အထောက်အကူဖြစ်ပါတယ်။

၅ - နေကြာစေ့

နေကြာစေ့မှာ ဗီတာမင် အီး ကြွယ်ဝပါတယ်။ အသားအရေကို တင်းရင်းစွာ ထိန်းသိမ်းထားဖို့ အထောက်အကူပြုပါတယ်။

Photos & Source: Prevention : Duwun

No comments:

Post a Comment