Latest News

Thursday, December 22, 2016

အသက်အရွယ်နဲ့လိုက်ဖက်မယ့် ဇာတ်ရုပ်မျိုးကိုပဲ ရွေးချယ်ရိုက်ကူးနေရတယ်ဆိုတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်



အသက်အရွယ်နဲ့လိုက်ဖက်မယ့် ဇာတ်ရုပ်မျိုးကိုပဲ ရွေးချယ်ရိုက်ကူးနေရတယ်ဆိုတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်


ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကိုယ်လုပ်ချင်တဲ့ဇာတ်ရုပ်ကို ရိုက်ခွင့်မရလို့အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်ရုပ်မျိုးကိုပဲရွေးချယ်ရိုက်ကူးဖြစ်နေတယ်လို့ အကယ်ဒမီထွန်း အိန္ဒြာဗိုလ်ကဆိုပါတယ်။

‘အခုနောက်ပိုင်းက ကိုယ်လုပ်ချင်တဲ့ ဇာတ်ကမရဘူး၊ များသောအားဖြင့်ကဈေးကွက်ပေါ်မူ တည်ပြီး ရိုက်ရတာ များတယ်၊ အဲဒီထဲက မှ ကိုယ်နဲ့လိုက်ဖက်တဲ့၊ လိုက်ဖက်လောက်တဲ့ ကားတွေကိုရိုက်ရတာပေါ့၊ အသက်အရွယ်အရ သော်လည်းကောင်း၊ သရုပ်ဆောင်မှုပေါ်လည်းကောင်းလုပ်ရတဲ့ ဇာတ်ကိုရွေးရပါတယ်လို့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

အကယ်ဒမီထွန်းအိန္ဒြာဗိုလ်က လက်ရှိမှာလည်း ကိုကြီးကွီးတို့၏ မာယာရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီရဲအောင်၊ ခန့်စည်သူ၊ ရာဇာနေဝင်း၊ ဗေလုဝ၊ အောင်မင်းခန့်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ သွန်းဆက်နဲ့ အနုပညာရှင်များစွာနဲ့ အတူပါဝင်ရိုက်ကူးထားတယ်လို့သိရတယ်။

ပါဝင်ရမယ့် ဇာတ်ရုပ်နဲ့ပတ်သက်ပြီး မခိုင်ကြီးက ကျွန်မရဲ့ကာရိုက်တာက  အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ပါပဲ၊ အမျိုးသားက ကိုယ့်မျက်စိရှေ့မှာတော့ ကိုယ့်ကိုအလိုလိုက်တယ်၊ ကိုယ့်ကွယ်ရာမှာတော့ လုပ်ချင်ရာလုပ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ ဇနီးသည်အဖြစ်နဲ့သရုပ်ဆောင်ရမှာပါ၊ ပညာပေးချင်တာလေးတွေကို ဟာသပလော့လေးတွေနဲ့ တင်ဆက်ထားတော့ဖျော်ဖြေရေးလဲ ဖြစ်မှာပါလို့ ရှင်းပြပါတယ်။

လာမယ့် ၂၀၁၇ ခုနှစ်အတွက်လည်း ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေရိုက်ကူးဖို့ လက်ခံထားသလို ရှိုးပွဲတွေလည်းလက်ခံထားတယ်လို့ဆိုပြီး ခရစ္စမတ်ကိုတော့စစ်တွေမြို့မှာ သွားရောက်ဖျော်ဖြေဖို့ရှိတယ်လို့သိရပါတယ်။

Sources : ခတ္တာဖြူ : Kumudra

No comments:

Post a Comment