Latest News

Tuesday, December 13, 2016

ကွတ်ခိုင်မြို့နယ်မှာ လက်နက်ငယ်ထိမှန်ပြီး ပျက်စီးနေတဲ့ ယာဉ်တစ်စီးနဲ့ အလောင်းတစ်လောင်းတွေ့ရှိ

ကွတ်ခိုင်မြို့နယ်မှာ လက်နက်ငယ်ထိမှန်ပြီး ပျက်စီးနေတဲ့ ယာဉ်တစ်စီးနဲ့ အလောင်းတစ်လောင်းတွေ့ရှိ




မြန်မာနိုင်ငံမြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် ၊ နမ့်ကွတ်ရွာနဲ့ နမ့်ဖလွန်းရွာ အကြားမှာ လက်နက်ငယ်ထိမှန်ပြီး ပျက်စီးနေတဲ့ မော်တော်ယာဉ်တစ်စီး နဲ့အတူ အလောင်းတစ်လောင်းတွေ့ရှိတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက်ပိုင်းက တွေ့ရှိတာဖြစ်ပြီး တပ်မတော်စစ်ကြောင်းက နယ်မြေရှင်း လင်းရေးဆောင်ရွက်စဉ်ကားလမ်းဘယ်ဘက်ခြမ်းက လျှိုထဲမှာတိမ်းမှောက်နေ တဲ့ ယာဉ်ကိုတွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်စစ်ဆေးချက်အရယာဉ်ဟာ ပရိုဘောက်အမျိုးအစား အဖြူရောင်ယာဉ်ဖြစ်ပြီး အင်ဂျင်အဖုံးမှာလက်နက်ငယ်ကျည်ဖောက်ဝင်ထားတဲ့ အပေါက် (၃) ပေါက်နဲ့ တံခါးမှန်တွေ ကြေမွပျက်စီးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းဖြစ်သူကတော့ မြစ်သားမြို့နယ်နေ ကိုရဲမောင်ဆိုသူဖြစ်ပြီး ၀မ်းဗိုက်မှာ လက်နက်ငယ်ကျည်ထိမှန်သေဆုံးနေ တယ်လို့လည်း သိရပါတယ်။

5plus

No comments:

Post a Comment