Latest News

Saturday, December 17, 2016

လိပ်ကျွန်းအမှုမှမြန်မာ ၂ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့မျှော်လင့်ကြောင်း အလုပ်သမားဝန်ကြီးဆို

လိပ်ကျွန်းအမှုမှမြန်မာ ၂ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့မျှော်လင့်ကြောင်း အလုပ်သမားဝန်ကြီးဆို

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

ထိုင်းဘုရင်အသစ်အဖြစ်လောင်ကွန်းမင်းသားနန်းတက်တဲ့ အခါမှာ လိပ်ကျွန်းလူသတ်မှုက (၀င်းနဲ့ဇော်)ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးဖို့ မျှော်လင့်နေတယ် လို့ အလုပ်သမားနဲ့လ၀က ၀န်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ထိုင်းဘုရင်သစ်နန်းတက်ချိန်မှာ နိုင်ငံတစ်ခုလုံးမှာရှိတဲ့ အကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ကြားသိရပြီး အဲ့အထဲမှာ မြန်မာ လုပ်သားနှစ်ဦးဖြစ်တဲ့ (၀င်းနဲ့ဇော်)လည်း ပါဝင်မယ်လို့ သတင်းတွေ ကြားသိနေရကြောင်း ၊ ဒီသတင်းတွေ အရ တရားဝင် လွှတ်ပေးကြောင်း အကြောင်းကြားစာ ကို ထိုင်းအစိုးရဘက်ကရရှိအောင်ကြိုးပမ်းသွားမယ်လို့ လည်း ဦးသိန်းဆွေကပြောကြားခဲ့ပါတယ်။

"တရားဝင်​အ​ကြောင်းကြားလာတာ​တော့မရှိ​သေးဘူး"လို့ သူကပြောပါတယ် ။

ဒီဇင်ဘာ ၁၈ ရက်နေ့ က ​နေပြည်​​တော်​၊ အပြည်​ပြည်​ဆိုင်​ရာ ကွန်​ဗင်းရှင်းစင်​တာ ၂မှာ ​ကျင်းပတဲ့  အပြည်​ပြည်​ဆိုင်​ရာ​ရွှေ့ပြောင်းသွားလာသူများ​နေ့အခမ်းအနားအပြီးမှာ​ပေါ်ပြူလာနယူးစ်ရဲ့မေးမြန်းမှုကို ဦးသိန်းဆွေက အထက်ပါအတိုင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ နောက်ဆုံးရရှိ ထားတဲ့သတင်းတွေ အရတော့ ထိုင်းဘုရင်သစ်လောင်ကွန်း နန်းတက်တဲ့အထိမ်းအမှတ်အနေနဲ့ နိုင်ငံတစ်ဝှမ်းက အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ( ၀င်းနဲ့ဇော်) ပါ/မပါကတော့ ဒီကနေ့ ထိ အတည်ပြုထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

လက်ရှိ အယူခံတရား ရုံးရဲ့ အမိန့်ကိုစောင့်နေတဲ့ (၀င်းနဲ့ဇော်) အမှုမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်ဖို့လည်း ထိုင်းအလုပ်သမားအရေးဆောင်ရွက်သူတွေ ကမျှော်လင့်နေကြပါတယ်။

စိုင်းလမင်း
#PopularNews

No comments:

Post a Comment