Latest News

Saturday, December 17, 2016

ချစ်သူရှိနေပြီဆိုတဲ့ ဟိန်းဝေယံ

ချစ်သူရှိနေပြီဆိုတဲ့ ဟိန်းဝေယံ

လက်ရှိမှာ "ရတနာပုံ" ဇာတ်လမ်းတွဲတွင် ပါဝင်ရိုက်ကူးနေပါတယ်။

အချစ်ရေးကို အမြဲတမ်းအေးအေးဆေးဆေးပဲလို့ ပြောတတ်တဲ့ ဟိန်းဝေယံကတော့ ချစ်သူရှိနေပြီလို့ ရင်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအသက်အရွယ် ရောက်ခါကျမှ ရည်းစားမရှိဘူးဆိုတာကို မပြောချင်ဘူးဆိုတဲ့ ဟိန်းဝေယံက ရည်းစားရှိကြောင်းကို ဖွင့်ပြောပြလိုက်ပြီ ဖြစ်ပါတယ်။

ပရိသတ်တွေကိုတော့ အချိန်တစ်ခုရောက်ရင်ဖွင့်ပြောပြ သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ လက်ရှိမှာတော့ ဟိန်းဝေယံက  "ရတနာပုံ" ရုပ်သံဇာတ်လမ်းတွဲမှာပါဝင်ရိုက်ကူးနေပြီး သူအတွက် ဒီဇာတ်လမ်းတွဲက ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်တယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲအတွက်လည်း သေချာပြင်ဆင်ကာ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို သူ့အနေနဲ့ အရမ်းကြိုက်လို့ လက်ခံဖြစ်တာ ဖြစ်ပြီး အဲ့ဒီဇာတ်လမ်းတွဲမှာ မိုးယံဇွန်၊ ထွန်းကိုကို ၊ ထက်ပိုင်ဦး၊ Kညီ၊ ရတနာဗို၊ အေးဝတ်ရည်သောင်း၊ ဇွန်သံစဉ်၊ ချစ်ကြေးမုံ၊ ရတနာနိုနိုတို့နဲ့အတူ ပါဝင်သရုပ်ဆောင် နေတယ်လို့ သိရပါတယ်။

Source : Popular News

Photo  : ဟိန်းဝေယံ ဖေ့စ်ဘွတ်

No comments:

Post a Comment