Latest News

Thursday, December 15, 2016

လွှတ်တော်အမတ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အပေါ် တိုင်းအစိုးရ ကန့်သတ်နေမှု ရပ်တန့်ရန် အရေးကြီးအဆို မွန်လွှတ်တော်တွင် အတည်ပြု

လွှတ်တော်အမတ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အပေါ် တိုင်းအစိုးရ ကန့်သတ်နေမှု ရပ်တန့်ရန် အရေးကြီးအဆို မွန်လွှတ်တော်တွင် အတည်ပြု

==========================
==========================

 မွန်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် ရေးရာကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအပေါ် ကန့်သတ်နေမှုများကို ရပ်တန့်ရန်နှင့် ဥပဒေ၊နည်းဥပဒေ ပြဋ္ဌာန်းချက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ် များသည် မဲဆန္ဒရှင် ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုဆောင်ရွက် နိုင်ရေး လုပ်ငန်းများ လုပ်ကိုင်ရာ တွင် ထိရောက်ကျွမ်းကျင်မှုရှိစေ ရန် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်း ချက်များအရ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများကို ဖိတ်ကြား၍ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းနှင့် အချက်အလက်ရယူခြင်း ပြုလုပ် ရာတွင် အစိုးရအဖွဲ့က ကန့်သတ် နေမှုအချို့ရှိနေသည်ဟု ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ကိုယ်စားလှယ် ဦးထွန်းမင်း အောင်က အရေးကြီးအဆို တင် သွင်းခြင်းဖြစ်သည်။

‘‘ဒီလိုမျိုး အစိုးရအဖွဲ့က ကျွန်တော်တို့ လိုအပ်တဲ့၊ တောင်း တဲ့အချက်အလက်တွေမပေးတဲ့ အတွက်ကြောင့် လုပ်ငန်းနှောင့် နှေးမှုရှိတယ်။ အစိုးရအဖွဲ့မှာ တာဝန်အပြည့်အဝရှိတယ်။ ဒါ ကြောင့်မို့ ဒီလိုမျိုးဖြစ်နေတဲ့အခြေ အနေမှာ ကျွန်တော့် ကော်မတီအ ပေါ် ကျရောက်လာတဲ့ တာဝန် အရသော်လည်းကောင်း၊ လွှတ် တော်ကိုယ်စားလှယ်အရသော်လည်းကောင်း၊ ဥပဒေအတိုင်း သော်လည်းကောင်း မပေးမရ ပေးကိုပေးရမယ့်အခြေအနေဖြစ် တယ်။ ဒါကြောင့်မို့ ဒီအဆိုကို ထောက်ခံတာဖြစ်တယ်’’ဟု အရေးကြီးအဆိုကို ထောက်ခံဆွေးနွေး သည့် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ အေးဇံက ပြောသည်။

ရေးရာကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်း အကောင်အထည်ဖော်နိုင်ရန် အစိုးရအဖွဲ့က ကန့်သတ်နေခြင်း ကြောင့် လုပ်ငန်းနှောင့်နှေးပြီး ပြည်သူများ နစ်နာရသည်ဟု သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

‘‘ဒီလိုရှိခြင်း၊ လုပ်ခြင်းအား ဖြင့် လုပ်ငန်းနှောင့်နှေးမှုဖြစ်တယ်။ နှောင့်နှေးတော့ တကယ်တမ်း နစ်နာတာသည် ပြည်သူပဲ နစ်နာ သွားတယ်။ ပြောရမယ်ဆိုရင် အ ချင်းချင်း လွှတ်တော်နဲ့ အစိုးရညှိ နှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက် သင့်ပါတယ်’’ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ရေးရာကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပြည် နယ်၊ ခရိုင်၊ မြေစာရင်း လဝက ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ဌာနဆိုင်ရာ များကို လွှတ်တော်သို့ အခါအား လျော်စွာ ဖိတ်ကြား၍ ၎င်းတို့၏ လုပ်ငန်းဆောင်တာများနှင့် သိလို သည်များ မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ အချက်အလက်များ ရယူခြင်းများ ပြုလုပ်ပြီးဖြစ်သော် လည်း မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် တွေ့ဆုံရန် ဖိတ်ကြားရာတွင် ပြည်နယ်အစိုးရ အဖွဲ့က ခွင့်မပြုသည့် အခြေအ နေရှိနေသည်ဟု ဦးထွန်းမင်း အောင်က ဆက်လက်ပြောကြား သည်။ လွှတ်တော်က ဖွဲ့စည်းထား သည့် ကော်မတီများမှ တင်ဒါ အောင်မြင်ပြီးသော ကုမ္ပဏီများ ဆိုင်ရာ အချက်အလက်များ တောင်းခံရာတွင် ပေးအပ်ခြင်းမရှိ သကဲ့သို့ ယင်းအချက်အလက်များ ပေးအပ်ရန် ရှိ၊ မရှိ လွှတ်တော် တွင် မေးမြန်းရာ ပေးအပ်ရန် အစီအစဉ်မရှိကြောင်း ဖြေကြားသည်ဟု ဦးထွန်းမင်းအောင်က ဆိုသည်။ ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြုခဲ့သည်။

=============

7Day News Journal


No comments:

Post a Comment