Latest News

Tuesday, December 20, 2016

၃ လသားကလေးဗိုက်ထဲရှိ သုံးမြွှာပူး သန္ဓေသားများကို နေပြည်တော်တွင် ခွဲစိတ်ကုသ

၃ လသားကလေးဗိုက်ထဲရှိ သုံးမြွှာပူး သန္ဓေသားများကို နေပြည်တော်တွင် ခွဲစိတ်ကုသ

၃ လသားအရွယ် ယောက်ျားကလေးတဦးရဲ့ ဗိုက်ထဲရှိ သုံးမြွှာပူး သန္ဓေသားများကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်လိုက်တယ်လို့ မြဝတီသတင်းမှာ ရေးသားဖော်ပြပါတယ်။

ဒီဇင်ဘာ ၁၉ ရက်က ခွဲစိတ်ကုသခဲ့တာဖြစ်ပြီး အဲ့ဒီကလေးငယ်ရဲ့ ဗိုက်ထဲရှိ အစိတ်အပိုင်းတခုကပဲ လူပုံသဏ္ဍာန်ရှိပြီး ကျန်တဲ့ ၂ ခုက လူခန္ဓာအစိတ်အပိုင်းအဖြစ် ပြည့်စုံမှု မရှိဘူးလို့ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဒေါ်နော်မာသေးကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

မိခင်ဖြစ်သူ ဒေါ်သန်းသန်းဦးက ကလေးငယ်ကို မွေးဖွားပြီး ၁ လခွဲခန့်မှာ ဝမ်းဗိုက် ရောင်ရမ်းလာလို့ မန္တလေးကလေးဆေးရုံကြီးမှာ ပြသခဲ့ရာ ကလေးငယ်ရဲ့ဗိုက်ထဲ သန္ဓေသားလို့ ယူဆရတဲ့ အသားလုံးသုံးခုရှိနေတာ တွေ့ရလို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ခွဲစိတ်ကုသခဲ့တာ ဖြစ်ပါတယ်။

ပါမောက္ခ ဒေါက်တာ ဒေါ်နော်မာသေးက ဒီလိုဖြစ်စဉ်မျိုးဟာ လူဦးရေ ၅ သိန်းမှာ ၁ ဦးသာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

Sources ; DVB

No comments:

Post a Comment