Latest News

Tuesday, December 20, 2016

တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မုံးကိုးမြို့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်

တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မုံးကိုးမြို့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်

လုံခြုံရေးအခြေအနေ စိတ်မချရသေးတာကြောင့် မုံးကိုးဒေသ၊ ကျေးရွာဘက်က ကျောင်းတွေကိုတော့ ပြန်မဖွင့်နိုင်သေးဘူး။
 
တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မုံးကိုးမြို့ရှိ စာသင်ကျောင်းတွေကို ယနေ့ ပြန်လည် ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မုံးကိုးအထက်တန်းကျောင်းဟာ အပျက်အစီးများခဲ့တာကြောင့် မြို့ထဲမှာရှိတဲ့ စည်ပင်ပိုင်အဆောက်အအုံမှာ ယာယီဖွင့်သွားမှာဖြစ်ပြီး မူလတန်းကျောင်းတွေကတော့ အရင်နေရာမှာပဲ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ မုံးကိုးမြို့ပေါ်မှာ ကျောင်းတွေ  ပြန်လည်ဖွင့်လှစ်နိုင်ပေမဲ့ လုံခြုံရေးအခြေအနေ စိတ်မချရသေးတာကြောင့် မုံးကိုးဒေသ၊ ကျေးရွာဘက်က ကျောင်းတွေကိုတော့ ပြန်မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။

မုံကိုးမြို့ အထက်တန်းကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၆၂၇ ဦးရှိပြီး ကျန်မူလတန်းကျောင်းတွေမှာတော့ ၅၀၉ ဦးရှိတာ ဖြစ်ပါတယ်။

မုံးကိုးဒေသ တိုက်ပွဲတွေကြောင့် အဆိုပါဒေသက ကျေးရွာတွေမှ ဆရာ၊ ဆရာမ ၁၀၀ ခန့်ဟာ  မူဆယ်မြို့သို့ စစ်ဘေးရှောင်နေရာမှာ လုံခြုံရေး အခြေအနေ စိတ်မချရသေးတာကြောင့် လက်ရှိအချိန်အထိ ၆၀ ဦးခန့် မူဆယ်မြို့ စစ်ရှောင်စခန်းမှာ ရှိနေသေးတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily
 

No comments:

Post a Comment