Latest News

Thursday, December 22, 2016

အသေးစားပေါက်ကွဲမှုများနှင့်ပတ်သက်၍သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် အစီအစဉ်မရှိသေး

အသေးစားပေါက်ကွဲမှုများနှင့်ပတ်သက်၍သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် အစီအစဉ်မရှိသေး


ရန်ကုန်တိုင်းအတွင်း ဖြစ် ပွားခဲ့သည့် အသေးစားပေါက်ကွဲမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရန် အစီအစဉ်မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ ရဲမှူးလှဝေက ပြော သည်။


အသေးစားပေါက်ကွဲမှုများ နှင့်ပတ်သက်၍ သတင်းစာရှင်း လင်းပွဲပြုလုပ်ရန်ရှိပြီး မည်သည့် နေ့တွင် ပြုလုပ်ရန်မသိရှိသေး ကြောင်း ဒဂုံမြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက သတင်းစာတစ်စောင် ကို ဖြေကြားခဲ့မှုနှင့်ပတ်သက်၍ 7Day Daily အား ဖြေကြားခဲ့ခြင်း ဖြစ်သည်။

‘‘သတင်းစာရှင်းလင်းပွဲလုပ် ဖို့ အစီအစဉ်မရှိသေးပါဘူး။ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုရင် လည်း အကုန်လုံးကိုအကြောင်း ကြားသွားမှာပါ’’ဟု ရဲမှူးလှဝေက ပြောသည်။

နိုဝင်ဘာ ၁၇ ရက် ညတွင် မရမ်းကုန်းမြို့နယ်ရှိ အိုးရှင်းစင် တာ၊ နိုဝင်ဘာ ၂၀ ရက် ညနေ၌ ဒေါပုံမြို့နယ်ရှိ ကက်ပီတယ် ဈေးဝယ်စင်တာတို့တွင် မိနစ်ပိုင်းအတွင်း နေရာနှစ်နေရာ၌ အသေးစား ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အလားတူ နိုဝင်ဘာ ၂၅ ရက်ညနေကလည်း ရန်ကုန်မြို့ အစိုးရ ရုံးအတွင်း အသေးစားပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး သံသယရှိသူ အမျိုးသားသုံးဦးကို ရန်ကုန်တိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးထားကာ ရန်ကုန်မြို့တွင် အသေးစားဖောက်ခွဲမှုပြု လုပ်သူ စုစုပေါင်းလေးဦးအား ဖမ်းဆီးထားသည်။

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ ကိုးရက်အ တွင်း M-150 အချိုရည် ပုလင်းများအသုံးပြု၍ အစိုးရရုံးနှင့် ဈေးဝယ်ကုန်တိုက်များ အပါအ၀င် အ သေးစားပေါက်ကွဲမှုများ လေးနေရာ ဖြစ်ပွားပြီး ပေါက်ကွဲမှု ၁၂ ကြိမ်ရှိခဲ့သည်။

ယင်း ဖြစ်စဉ်များအတွက် ဖောက်ခွဲမှုသံသယရှိ တရားခံများ ကို နိုဝင်ဘာ ၂၅ ရက်က သင်္ဃန်း ကျွန်းမြို့နယ် (င/က)ရပ်ကွက်တွင် သွားရောက်ဖမ်းဆီးခဲ့ပြီး သံသယ ရှိတရားခံများက ဈေးဝယ်ကုန် တိုက်များအပါအ၀င် အစိုးရရုံးများ ကို အသေးစားဖောက်ခွဲမှုပြုလုပ် သည်ဟု ၀န်ခံထားကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အသေးစားပေါက်ကွဲမှုများ ကြောင့် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း ဖြစ်စဉ်များနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ယနေ့အထိ ရှင်းလင်းစွာသတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Sources : 7 Day

No comments:

Post a Comment