Latest News

Thursday, December 22, 2016

မန္တလေး လောင်းကစားဒိုင်များ ထိန်းချုပ်ရန် ခက်ခဲဟု ခရိုင်ဒုရဲမှူးကြီး ဆို

မန္တလေး လောင်းကစားဒိုင်များ ထိန်းချုပ်ရန် ခက်ခဲဟု ခရိုင်ဒုရဲမှူးကြီး ဆို

မန္တလေး၊ ဒီဇင်ဘာ ၂၂

မန္တလေးမြို့တော် အတွင်းရှိ လောင်းကစားဒိုင်များကို ဖမ်းဆီးရာတွင် သတင်းပေါက်ကြားမှုများကြောင့် ထိန်းချုပ်ရန် ခက်ခဲကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

ယင်းသို့ သတင်းပေါက်ကြားမှုများကြောင့် ငါးပစ်ဂိမ်း လောင်းကစားဆိုင်များကို ဖမ်းဆီးအရေးယူနိုင်မှု နည်းပါးရခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

“သတင်းရလို့ပဲဖြစ်ဖြစ်၊ ညွှန်ကြားချက်ကြောင့်ပဲဖြစ်ဖြစ် စစ်ဆေးတဲ့အခါမျိုးမှာ ဖမ်းမိတာနည်းတယ်၊ ဖမ်းမိတဲ့သူတွေကို တရားစွဲတင်တဲ့ အခါမှာလည်း ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လွတ်သွားတာမျိုးတွေ ရှိနေတယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးက ရှင်းပြသည်။

၂၀၁၆ ခုနှစ်အတွင်း ချဲထီနှင့် ငါးပစ်ဂိမ်း လောင်းကစားမှု အပါအဝင် လောင်းကစားမှု ၁၂၆ မှု ဖမ်းဆီးရမိခဲ့ကြောင်း၊ သတင်းပေါက်ကြားမှုကြောင့် ငါးပစ်ဂိမ်း လောင်းကစားရုံ ဖွင့်ထားသူများကို ဖမ်းဆီးရမိခြင်း မရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၂ နာရီခန့်က အကြွေစေ့များဖြင့် ကစားရသည့် ငါးပစ်ဂိမ်း လောင်းကစားရုံတစ်ခု၌ လောင်းကစားနေသူများကို ထရပ်ကားနှစ်စီးဖြင့် ရောက်လာသော လူ ၂၀ ကျော်က တုတ်၊ ဓားများဖြင့် ရိုက်နှက်လုယက်ခဲ့သော်လည်း ယင်းဖြစ်စဉ်ကို မသိကြောင်း အမှတ် ၇ နယ်မြေရဲစခန်းက ငြင်းဆိုထားသည်။

M-04

SOURCES The Voice

No comments:

Post a Comment