Latest News

Saturday, December 17, 2016

မြစ်သားတွင် တရားမ၀င်အိမ်ငှားနေသည့် တရုတ်နိုင်ငံသားများကို ဒဏ်ငွေကျပ်တစ်သိန်းစီပြစ်ဒဏ်ချ



မြစ်သားတွင် တရားမ၀င်အိမ်ငှားနေသည့် တရုတ်နိုင်ငံသားများကို ဒဏ်ငွေကျပ်တစ်သိန်းစီပြစ်ဒဏ်ချ
=====================

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်မြစ်သားမြို့ နယ်ကူမဲကျေးရွာအုပ်စုတွင် မြေ ငှား၍ ဖရဲစိုက်ပျိုးရန် တရားမ၀င် အိမ်ငှားနေထိုင်သည့် တရုတ်နိုင် ငံသားများကို လ၀ကဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ပြီး ဒဏ်ငွေကျပ်  တစ်သိန်းစီပေးဆောင်ရန်အမိန့်ချ မှတ်ခဲ့သည်။

ကူမဲကျေးရွာအုပ်စုရှိဆယ် ရွာကျေးရွာတွင် လ၀က၏ ခွင့်ပြု ချက်မရှိဘဲ တရားမ၀င်အိမ်ငှား နေထိုင်သည့် တရုတ်နိုင်ငံသား လေးဦးကို ယခုလဆန်းက စိစစ် တွေ့ရှိပြီးနောက်အမှုဖွင့်တရားစွဲကာ မြစ်သားမြို့နယ်တရားရုံးက ဒီဇင်ဘာ ၁၆ရက်တွင် နေ့ချင်းပြီး ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

‘‘ဥပဒေအကြံပေးချက်အရ မြစ်သားမြို့နယ် တရားရုံးကနေ ဥပဒေနဲ့အညီ အမိန့်ချလိုက်တာ ဖြစ်ပါတယ်’’ဟု ကူမဲရဲစခန်းမှတာ ၀န်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံသို့ စီးပွားရေးဗီ ဇာဖြင့်ဝင်ရောက်လာသော တရုတ်နိုင်ငံသားလေးဦးသည် စကားပြန်မြန်မာနိုင်ငံသားနှင့်အ တူ ဒေသခံတောင်သူများထံမှ မြေနေရာများငှားရမ်း၍ ဖရဲစိုက်ပျိုးနေပြီးသက်ဆိုင်ရာလ၀ကရုံး၏ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ နေအိမ်တွင်ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

တရားမ၀င်အိမ်ငှားနေထိုင် သည့် တရုတ်နိုင်ငံသားလေးဦးနှင့် အိမ်ရှင်တို့ကို နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေပုဒ်မ ၅(၁)ဖြင့် အမှုဖွင့်တရားစွဲဆိုပြီး ပထမဆုံးရုံးချိန်းတွင် တရားရုံးကတစ်ဦးလျှင် ဒဏ်ငွေကျပ် တစ်သိန်းနှုန်းပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

‘‘နေ့ချင်းပြီးအမိန့်ချလိုက် တယ်ဆိုတော့ တော်တော်အံ့သြမိ တယ်။ ကိုယ့်နိုင်ငံသူနိုင်ငံသားအ မှုတွေမှာကော အဲဒီလိုနေ့ချင်းပြီး ဆုံးဖြတ်ပေးတာရှိသလား’’ဟုမြစ် သားမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ခွင့်ပြုချက်မဲ့ အိမ်ငှားနေ ထိုင်သည့် တရုတ်နိုင်ငံသားလေး ဦးနှင့် အိမ်ရှင်တို့ကို ဒဏ်ငွေကျပ် တစ်သိန်းစီပြစ်ဒဏ်ကျခံစေပြီး နောက် တရုတ်နိုင်ငံသားလေးဦး အား လ၀ကသို့လွဲပြောင်းပေး ထားကာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာ နက ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့်အမည်ပျက်စာရင်းသွင်းရန်နှင့် ပြည်နှင်ဒဏ်ပေးရန်ဆက်လက်စီ စဉ်ဆောင်ရွက်နေကြောင်း ကူမဲ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံခြားသားများ နေအိမ် များတွင် ငှားရမ်းနေထိုင်မည်ဆိုပါ က ၂၄နာရီအတွင်း လ၀ကသို့ အကြောင်းကြားရမည်ဖြစ်ကာ ပျက်ကွက်ပါက အိမ်ရှင်(သို့မ ဟုတ်)ကုမ္ပဏီတာဝန်ရှိသူများနှင့် နိုင်ငံခြားသားများကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားသည်။

Source: 7 Day


No comments:

Post a Comment