Latest News

Sunday, December 25, 2016

ဇန်နဝါရီလမှာ ရုံတင်မယ့် "ငဘ" ရုပ်ရှင်ဇာတ်ကား

ဇန်နဝါရီလမှာ ရုံတင်မယ့် "ငဘ" ရုပ်ရှင်ဇာတ်ကား


တောင်သူလယ်သမားများရဲ့ ဘဝကို အခြေခံပြီး ရိုက်ကူးထားတဲ့ "ငဘ" ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီလမှာ ရုံတင်မယ်လို့ သိရပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကို (A Group) တန်းစီစနစ်နဲ့ ပြသသွားမှာမဟုတ်ဘဲ ဇန်နဝါရီ (၁၃)ရက်နေ့မှာ B Group ကြားဖြတ်စနစ်နဲ့ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
..
"ကျွန်တော်တို့က တောင်သူလယ်သမားတွေရဲ့ ဘ၀အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာကို အခုခေတ်က ကလေး တွေ ပြန်ကြည့် နိုင်အောင်ရယ်။ ဒီဝတ္တုကို ဖတ်လိုက်ထဲက ဇာတ်လမ်းအထိကို လက်က ပြန်မချချင်လောက် အောင်ဖြစ်တဲ့ ဇာတ်လည်းဖြစ်တယ်။ ရိုက်ကူးတဲ့ အခါမှာလည်း ဇာတ်မပျက်အောင် ရိုက်ကူးရတာ တာဝန်ကြီးပါ တယ်။ နိုင်ငံကြီး ၄ နိုင်ငံက ဘာသာပြန်ထားတဲ့ ၀တ္တုလည်း ဖြစ်ပါတယ်။လာရောက်ကြည့်ရှု့သူအတွက် အမှတ် တရ ဖြစ်နေမယ်လို့လည်း ထင်ပါတယ်”လို့ ဒါရိုက်တာ ခင်စောမျိုးက ပြောပြပါတယ်။
...
သုခမိန်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၀တ္တု စာရေးဆရာကြီး မောင်ထင်၊ဇာတ်ညွှန်း နေခြည်အောင်သစ်၊ အနု ပညာ အကြံပေး မျိုးထူး တို့ကရေးသားထားကာ ဒါရိုက်တာ ခင်စောမျိုးက ပုံဖော်ရိုက်ကူးထားပြီး အကယ်ဒမီ ကျော်သူ၊ အကယ်ဒမီ ကျော်ရဲအောင်၊အကယ်ဒမီ မင်းဦး၊အကယ်ဒမီ ဇော် ဦး၊ နေမျိုးအောင်၊မိုးယံဇွန်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အေးမြတ်သူ၊အကယ်ဒမီ ဗေလုဝ၊ခင်လှိုင် တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Sources ; duwun

No comments:

Post a Comment