တစ်လအတွင်း မော်တော်ယာဉ်တစ်စီး ကျပ်သိန်း ၄ဝ ခန့် ဈေးတက်
တစ်နှစ်ပတ်လုံး အရောင်းအဝယ် အေးစက်နေသော မော်တော်ယာဉ်ဈေးကွက်သည် ဒီဇင်ဘာလ ပထမပတ်မှ ဒီဇင်ဘာလ ၂၅ ရက်နေ့ (တစ်လခန့်) အတွင်း တစ်ဦးချင်း တင်သွင်းခွင့် (Free Permit) မော်တော်ယာဉ်တစ်စီးလျှင် ယခင်ထက် ကျပ်သိန်း ၄ဝ ခန့် မြင့်တက်ကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။
..
နိုဝင်ဘာလ ၃ဝ ရက်နေ့က ၂ဝ၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်လ်နှစ်များ ထုတ်ပြန်ပြီး နောက်ပိုင်းမှ စတင်၍ Free Permit မော်တော်ယာဉ်ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်း ဖြစ်ပြီး ယခုအခါ သတ်မှတ်ထားသည့် လိုင်စင်လျှောက်ထားရက်ထက် ကြိုတင်ပိတ်ပင်လိုက်ခြင်းကြောင့် ပိုမိုဈေးတက်လာခြင်း ဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
...
“ကားဈေးက တစ်နေ့ထက်တစ်နေ့ မြင့်လာတာပဲ။ ဒီလထဲမှာကို တစ်စီးကို တော်တော်လေး မြင့်နေတယ်။ စလစ်ကပ်မှာဆိုလည်း လူကြိုက်များတဲ့ကားတွေ ဈေးတက်လာတယ်” ဟု KL Seven မော်တော်ယာဉ် အရောင်းစင်တာပိုင်ရှင် ဦးကြည်သာဟန်က ပြောဆိုသည်။
....
မော်တော်ယာဉ် လုပ်ငန်းရှင်များ အနေနှင့် တင်သွင်းခွင့်လိုင်စင် ရရှိရန်ကိုသာ ဦးစားပေး လုပ်ဆောင်နေခြင်းကြောင့် လတ်တလော မော်တော်ယာဉ် အရောင်းအဝယ်မှာ အေးစက်လျက်ရှိကြောင်း ၎င်းတို့က ပြောကြားသည်။
.....
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယခုနှစ်အတွက် မော်တော်ယာဉ်လိုင်စင် လျှောက်ထားရက်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးဟု သတ်မှတ်ထားသော်လည်း ရန်ကုန်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် နေပြည်တော်တွင် ဒီဇင်ဘာလ ၂ဝ ရက်နေ့တို့၌ လိုင်စင်လျှောက်ထားခွင့်ကို ရပ်ဆိုင်းလိုက်သည်။
Sources ; The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment