သမိုင်းဝင်ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန်အတွက် ရှင်းလင်းတင်ပြခြင်းနှင့် နည်းလမ်းကောင်းများရရှိနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
------------------------------
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်ကန်ရှိ သမိုင်းဝင်ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန်အတွက် ရှင်းလင်းတင်ပြခြင်းနှင့် နည်းလမ်းကောင်းများရရှိနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၆ရက် နံနက်၁၀နာရီက မန္တလေးမြို့ ၆၆လမ်းနှင့် ၂၆လမ်းဒေါင်းရှိ တ.ယ.ကရုံးဟောင်းရှိ အစည်းဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အမရပူရမြို့နယ် တောင်သမန်အင်း သန့်ရှင်းလှပရေး ဦးပိန်တံတား ရေရှည်တည်တံ့ခိုင်မြဲရေး၊ ပြုပြင်ထိန်းသိမ်းရေးကော်မတီဥက္ကဌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးမျိုးသစ်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တောင်သမန်အင်း သန့်ရှင်းသာယာရေး၊ ဦးပိန်တံတားရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြုပြင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ အတွင်းရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တောင်သမန်အင်း သန့်ရှင်းသာယာရေး ဦးပိန်တံတားရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြုပြင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် မြန်မာနိုင်ငံ ဗိသုကာကောင်စီဝင်၊ ဗိသုကာပညာရှင် ဦးကိုကိုနိုင် (Architect) Rising Beikthanoe Design Studio က ဦးပိန်တံတား ပြုပြင်ထိန်းသိန်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးလွင်က ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည့် နည်းလမ်းများအား ရှင်းလင်းတင်ပြပြီး ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း လှူဒါန်းသည့် Myanmar Teak Wood Industies Co.Ltd မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝမ်းက ရှင်းလင်းတင်ပြကြောင်း သိရသည်။
ကျော်ထူး
#MDYnews
Friday, December 16, 2016
သမိုင်းဝင်ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန်အတွက် ရှင်းလင်းတင်ပြခြင်းနှင့် နည်းလမ်းကောင်းများရရှိနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
သမိုင်းဝင်ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန်အတွက် ရှင်းလင်းတင်ပြခြင်းနှင့် နည်းလမ်းကောင်းများရရှိနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Reviewed by Ar Ti
on
11:34 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment