Latest News

Friday, December 23, 2016

အဆင့်မြင့်အိမ်ရာစီမံကိန်းဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်

အဆင့်မြင့်အိမ်ရာစီမံကိန်းဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်

ဒီဇင်ဘာ ၂၄ ရက် ၂၀၁၆ ခုနှစ်

ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာဧရာဝဏ် အိမ်ရာစီမံကိန်းတစ်ခုလုံး၏ ပထမဆုံးဖွင့်လှစ်သည့် အစိတ်အပိုင်းဖြစ်သော ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်းဖွင့်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနနှင့်ရွှေတောင်ကုမ္ပဏီတို့အကျိုးတူတည်ဆောက်သည့် ရတနာနှင်းဆီအိမ်ရာသည် အစိုးရသစ်မှတည်ဆောက်သည့် ပထမဆုံး အဆင့်မြင့် အိမ်ရာစီမံကိန်းဖြစ်သည်။

အခန်းတစ်ခန်းလျှင် သိန်း ၆၀၀ မှ ၁၂၀၀ အထိ တန်ဖိုးရှိပြီးစတင်ရောင်းချမှုများ ပြုလုပ်နေပြီဖြစ်သည်။တိုက်တလုံးမှာ အခန်း ပေါင်း ၂၇၆ ခန်းပါရှိတဲ့ ၁၈ ထပ်တိုက် ငါးလုံး၊ အခန်းပေါင်း ၁၃၈ဝ ပြီးနေပြီဖြစ်လို့ စတင်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

တိုက်ခန်းတွေကို ၀ယ်ယူလိုသူတွေအနေနဲ့ ၃ဝ ရာခိုင်နှုန်း ကနဦးငွေပေးသွင်းပြီး ကျန် ၇ဝ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank) နဲ့ ချိတ်ဆက်ပြီး လစဉ်အရစ်ကျ ၈ နှစ်မှ ၁၅ နှစ်အထိ ပေးသွင်း ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

Sources Photo; 7Day Daily

No comments:

Post a Comment