တတိယအကြိမ် ဘီပိုးကာကွယ်ဆေး ထိုးနှံခြင်း
ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၆ ခုနှစ် ( ကျုံပျော်မြို့ )
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော် မြို့နယ် ဧရာမင်းခန်းမ၌ အသည်းရောင် အသားဝါဘီပိုးကာကွယ်ဆေးများကို အသဲဖောင်ဒေးရှင်း မှဒေါက်တာဒေါ်ရီရီစိန် ဦးဆောင်၍ ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၆ ခုနှစ်တတိယအကြိမ်မြောက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးများကို ကျုံပျော်မြို့နယ်ရှိဒေသခံပြည်သူများအားထိုးနှံ ခဲ့ကြောင်း သိရှိရပါသည်။
ကာကွယ်ဆေးအား ပထမအကြိမ် နှင့် ဒုတိယအကြိမ် ထိုးပြီးသူများ တတိယအကြိမ် ဆေးထိုးရန် ပျက်ကွက်ခဲ့သူများ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် အချိန် မမှီသူများ ၂၆ ရက်နေ့ တနင်္လာနေ့ ၌ မိခင် နှင့် ကလေးစောင့် ရှောင့်ရေးတွင် ဆေး လာရောက်ထိုး နိုင်ကြောင်းအသိပေး အကြောင်းကြားအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment