Latest News

Friday, December 23, 2016

တရုတ် စစ်ဘက်က မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် နယ်စပ်တွင် အမြင့်ဆုံး အဆင့် တပ်လှန့်မှု ပြုလုပ်

တရုတ် စစ်ဘက်က မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် နယ်စပ်တွင် အမြင့်ဆုံး အဆင့် တပ်လှန့်မှု ပြုလုပ်

ရှန်ဟိုင်း   နိုဝင်ဘာ   ၂၁

တရုတ်နိုင်ငံနှင့် နယ်စပ် မြန်မာနိုင်ငံအရှေ့ မြောက်ပိုင်း၌ ယခုရက်သတ္တပတ် အကုန်တွင် ဖြစ်ပွားသည့် သောင်းကျန်းသူများက မြန်မာ့တပ်မတော် စခန်းများနှင့် ရဲကင်းများကို ဝင် ရောက် တိုက်ခိုက်ပြီးနောက်   ယင်းနယ်စပ် ဒေသတွင် အမြင့်ဆုံးအဆင့် သတိပေး တပ်လှန့် မှုပြုလုပ်ထားကြောင်း တရုတ် စစ်ဘက်က ပြောသည်။ တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံ၏ အချုပ် အခြာအာဏာနှင့် လုံခြုံမှုအပြင် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် နေထိုင်သော တရုတ်နိုင်ငံ သားများ၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ကာကွယ်နိုင်ရေး လိုအပ်သည်များကို ဆောင်ရွက် သွားရန်အတွက် စစ်ဘက်အနေဖြင့် အမြင့်ဆုံးအဆင့် တပ်လှန့်ထားပြီး အသင့်အနေအထား ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ရေးသား ထားသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးကလည်း   နယ်စပ်ဒေသ၌ ချက်ချင်းအပစ်အခတ် ရပ်စဲရန်နှင့် တည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း ယင်း ဝက်ဘ် ဆိုက်၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။ ဆက်လက်ပြီး အဆိုပါ တိုက်ခိုက်မှု များကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသည့် အရေအတွက်ကို အတိအကျ မသိရသေး သော တိုက်ပွဲရှောင် မြန်မာနိုင်ငံသားများကို ယာယီလက်ခံ စောင့်ရှောက် ပေးထားကြောင်း ၎င်း တို့၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်နက်ကိုင် သောင်းကျန်းသူ သုံးဖွဲ့၏ ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၂ဝ ရက် နံနက် အစောပိုင်းတွင် မြန်မာနိုင်ငံ အရှေ့မြောက် နယ်စပ် ဒေသများဖြစ်သည့် မူဆယ်နှင့် ကွတ်ခိုင်မြို့တို့ရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့၏ တပ်စခန်း များနှင့် ရဲကင်းများကို  တစ်ချိန်တည်း တစ်ပြိုင်တည်း  အလစ်အငိုက် ဝင်ရောက် တိုက်ခိုက် ခြင်းနှင့် တံတားများကို ဖောက်ခွဲ ဖျက်ဆီးခြင်းအပြင် အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း သိရသည်။

Sources; မြဝတီ

No comments:

Post a Comment