Latest News

Thursday, December 15, 2016

မောင်တောနယ်စပ်ဒေသရှိ ဆရာ၊ ဆရာမများအတွက် အဆောင်တည်ဆောက်ပေးမည်

မောင်တောနယ်စပ်ဒေသရှိ ဆရာ၊ ဆရာမများအတွက် အဆောင်တည်ဆောက်ပေးမည်

==========================
==========================

 မောင်တောနယ်စပ် ရှိ ကျေးလက်ဒေသများတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ နေထိုင်ရန် အဆောင်များကို သင့်လျော်သည့် နေရာများ၌ တည်ဆောက်ပေးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

အဆောင်မရှိသည့် ဆရာ များအတွက် နယ်ခြားစောင့်ရဲ စခန်းရှိ လိုင်းခန်းအချို့တွင် နေ ထိုင်ခွင့်ပြုမည်ဖြစ်ပြီး ရဲစခန်းမရှိ သည့် ကျေးရွာများ၌ နေအိမ်များ ဆောက်လုပ်ရန် ညှိနှိုင်းထား ကြောင်း ဒေါက်တာချမ်းသာက ဒီဇင်ဘာ ၁၀ ရက်တွင် မောင်တောခရီး၌ ပြောကြားခဲ့သည်။

 အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နယ်မြေတည် ငြိမ်ရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် နယ် စပ်လုံခြုံရေးအတွက် တာဝန်ရှိသူ များက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်စဉ် ဆရာများက အဆောင် ဆောက်လုပ်ပေးရန် တင်ပြ တောင်းခံထားကြောင်း အထက၊ ကြိမ်ချောင်းကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာမ ဒေါ်သန်းသန်းဌေးက ပြောကြားခဲ့ သည်။

‘‘ပညာရေး ဌာနမှာတော့ ကျောင်းသာ ဆောက်ပေးတယ်။ ဝန်ထမ်းဆောင် ပါမလာဘူး။ ဒါပေမဲ့ သင့်တော်သလို စီစဉ် ဆောင်ရွက်ပေးပါမယ်’’ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဒေါက်တာ ချမ်းသာကပြောသည်။

မောင်တောနယ်စပ်ဒေသ တွင် ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာအတွင်းက အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကြောင့် ကျေးလက် ဒေသများ၌ တာဝန်ထမ်းဆောင်နေသော ဆရာများကို လုံခြုံသည့်နေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး နိုဝင်ဘာမှ စတင်ကာ ကျေးလက် ဒေသများတွင် ပြန်လည် တာဝန်ထမ်းဆောင်စေခဲ့သည်။

ယင်းသို့ ကျေးလက်များတွင် တာဝန်ထမ်းဆောင်နေရသည့် ဆရာများ လုံခြုံစွာ နေထိုင်ရန် ဝန်ထမ်းအဆောင်က အရေးကြီး ကြောင်း ဆရာမများကပြောကြား သည်။

=============

7Day News Journal


No comments:

Post a Comment