Latest News

Sunday, December 18, 2016

အရွယ်မရောက်သေးတဲ့ အိမ်အကူကို အိမ်ရှင်ရဲ့သားက အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြစ်

အရွယ်မရောက်သေးတဲ့ အိမ်အကူကို အိမ်ရှင်ရဲ့သားက အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြစ်

ပစ္စည်းတွေခိုးယူတယ်လို့ စွပ်စွဲခဲ့တယ်လို့လည်း ဆိုပါတယ်။
     
ဗဟန်းမြို့နယ်ထဲမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ အိမ်ရှင်ရဲ့သားဖြစ်သူက အရွယ်မရောက်သေးတဲ့ အိမ်အကူမိန်းကလေးငယ်ကို ခြိမ်းခြောက်ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ပစ္စည်းတွေခိုးယူတယ်လို့ စွပ်စွဲ တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ကလေးကိုလည်း အကြိမ်ကြိမ် ပြုကျင့်ပါတယ်။ကလေးကိုလည်း မိဘတွေကိုမပြောရဘူးလို့ပြောပါတယ်။ မိဘတိုင်ရင်လည်း သတ်ပစ်မယ်လို့လည်းခြိမ်းခြောက်ပါတယ်။ ကလေးကဘယ်သူကိုမှမပြောရဲပါဘူး၊ ကလေးကိုအလုပ်ကနေလည်း မထွက်ရဘူးလို့ပြောပါတယ်။ အရက်ဝယ်ခိုင်းတယ်၊ ထမင်းခူးခိုင်းပါတယ်”လို့ အဆိုပါမိန်းကလေးငယ်ကို လိုက်ပါကူညီနေသူ လူမှုဝန်ထမ်းကယ်ဆယ်ရေးအသင်းအဖွဲ့ဝင် ဒေါ်ဆန်းဆန်းက ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အသက် ၁၂ နှစ်အရွယ် မိန်းကလေးက ၂၀၁၅ ခုနှစ်ကစပြီး ဗဟန်းမြို့နယ်ထဲက နေအိမ်တစ်အိမ်မှာ အလုပ်လုပ်ကိုင်ခဲ့ပြီး အိမ်ရှင်သားဖြစ်သူ ကိုဥာဏ်ထွန်းက အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သလို အမျိုးအမည်မသိတဲ့ ဆေးတွေကိုလည်း တိုက်ကျွေးခဲ့ပြီး အဆိုပါ မိန်းကလေးငယ်ကို ဆံပင်ဆိုးဆေးဝယ်ခိုင်းတဲ့အချိန်မှာ ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးအသင်းက ဗဟန်းရဲစခန်းမှာ အမှု ဖွင့်ခဲ့ပေမယ့် စွပ်စွဲခံရသူဘက်က တရားရုံး ရုံးချိန်းကိုရောက် မလာခဲ့သလို ကျုးလွန်တယ်လို့ စွပ်စွဲခံရသူရဲ့ အဒေါ်ဖြစ်သူကလည်း မိန်းကလေးငယ်က ဆွဲကြိုး၊ ပိုက်ဆံတွေယူပြီး ထွက်ပြေးသွားတယ်လို့ ရဲစခန်းမှာတိုင်ကြားထားတယ်လို့ ဆိုပါတယ်။

Source & Photo : Kumudra

No comments:

Post a Comment